PART-5

1.5K 216 23
                                    

Unicode

Taehyung တျောက် Jimin ကိုကျောပိုးကာတောနက်ထဲမျက်စိတလည်လည်ဖြင့်လျှောက်လာခဲ့တယ်။

" အာ့ အာ့ အာ့ "

ကျီးကန်းရဲ့အော်သံကလူကိုကြက်သီးတဖြန်းဖြန်းထအောင်လုပ်သလို Taehyung ကိုယ်လေးတုန်တက်သွားတယ်။

" ဟိုနားမှာခြေသံကြားတယ်။ လူရှိတာလား? Yoongi hyung တို့များဖြစ်နေမလား? "

Taehyung တလှမ်းခြင်းဆီလျှောက်ရင်းသစ်ပင်နောက်ကိုလျှောက်လာခဲ့တယ်။ နောက်တော့သူမြင်လိုက်တယ်။

" အာ့--"

ခြေထောက်မှာတောင်အားမရှိသလိုအခုချိန်မှာသူဒီကနေထွက်ပြေးချင်မိတယ်။ မြေကြီးကသူ့ခြေထောက်ကိုဆွဲကပ်ထားသလိုပဲခွာလို့ရ။ နောက်ကိုဖြည်းဖြည်းချင်းဆုတ်ကာသူဒီကနေထွက်တော့မယ် လို့သူတွေးလိုက်တယ်။ သို့ပေမဲ့ခြေထောက်ကခွာမရ။ တကယ်တော့သူအကြောက်လွန်ပြီးဖြစ်နေတာကြောင့်ပင်။

Taehyung ဘာမြင်လိုက်ရတာပါလိမ့်?

သစ်ပင်နောက်ကွယ်မှာ သစ်ကိုင်းကြီးကိုဇောက်ထိုးခိုထားပြီးဆံပင်တွေကသစ်ပင်ခြေရင်းထိကျနေတဲ့မိန်းမကြီးတျောက်နဲ့သူ့ရဲ့အောက်တွင်တော့ ဗိုက်တွင်ငုတ်ထိုးမိရင်းတန်းလန်းနဲ့ထိုမိန်းမကြီးရဲ့ဆံပင်တွေကိုဆော့ကစားနေတဲ့ကလေးမလေးတျောက်။

" ချွတ် "

Taehyung သူ့ရဲ့နောက်ကသစ်ကိုင်းခြောက်ကိုတက်နင်းမိသွားခြင်းကြောင့်ပင်။ အခုချိန်မှာသူဘယ်လိုပြေးရမလဲ? နာကျင်နေတဲ့ခြေထောက်နဲ့ကျောပေါ်တွင်မေ့မျောနေတဲ့သူငယ်ချင်း​ကြောင့် သူဒီနေရာကနေခွာမရ။

" Taehyung ahhh~~"

ရုတ်တရက်ကျေပိုးကနေကြားလိုက်ရတဲ့အသံကြောင့် Jimin မှန်းသိလိုက်တယ်။ ဒါပေမဲ့သူ့အသံကဘာလို့ကြက်သီးထဖွယ်ကောင်းနေရတာလဲ?

" ငါ့သူငယ်ချင်းပင်ပန်းရောပေါ့။ ခဏနားလိုက်အုံး "

" အာ့--"

Jimin Taehyung နားကိုကပ်ပြောပြီး ပါးစပ်နဲ့လေကိုအသာလေးမှုတ်လိုက်ချိန်မှာတော့ Taehyung ခန္ဓာယ်ကိုယ်ဟာမြေပြင်ကော်မှာငြိမ်သက်လျက်လှဲကျသွားတယ်။

No Trip Way Back✔Where stories live. Discover now