"ဆရာ စာသင်ပေးရမှာ ဒီကလေးပဲ...အစစအရာရာ အပ်ပါတယ်..."
ကလေးရဲ့ အဖေက မိတ်ဆက်ပေးနေပေမယ့်...ကလေး က အိပ်ရာပေါ်မှာ မလှုပ်မယှက် ထိုင်နေပြီး ကလေးရဲ့ မျက်ဝန်းတွေက နံရံကိုငေးနေတယ် ...ကျွန်တော့်ကို အသိအမှတ်ပြုတဲ့ အကြည့်လေးတစ်ချက်တောင် ကေလးက မတုံ့ပြန်ခဲ့ဘူး...
<<<<
"သားလေး ဆယ်တန်းနှစ်မှာ ကျွန်တော်နဲ့ သူ့ အေမ တရားဝင် ကွာရှင်းပြီး နောက်အိမ်ထောင် အသီးသီး ထူခဲ့ကြတာ ...အဲ့ဒါကြောင့်လားမသိဘူး ...ငယ်ငယ်ကတည်းက အတန်းတိုင်းမှာ ပထမရခဲ့တဲ့ သားလေးက ဆယ်တန်းကို ကျခဲ့တယ်လေ...
ဒီနှစ်လည်း Guideတွေ အိမ်ခေါ်သင်ပေးပေမယ့်...သားလေးက စာထဲစိတ်မဝင်စားတော့ဘူး,စာသင်လို့မရ တော့ဘူးဆိုပြီး ဆရာတွေ ဆရာမေတြ တစ်ယောက်ပြီး တစ်ယောက် လက်လျှော့သွားကြတယ်...သားလေးက အရင်လို စကားသိပ်မပြောတော့ပဲ
အမြဲတမ်း တွေးငေးနေတာ..."
ကျွန်တော် အလုပ်လာလျှောက်တုန်းက ကလေးအဖေရဲ့ ပြောစကားတွေအရ ကေလး စိတ်ဒဏ်ရာ ရ နေတယ်ဆိုတာ သိခ့ဲရတယျ ..."Pete ဒီဆရာက သားကို စာသင် ပေးလိမ့်မယ်...ဆယ်တန်းတော့ အောင်,အောင် ဖြေပါသားရယ်....ဆယ်တန်းအောင်ရင် သားလိုချင်တာ အားလုံး အေဖ ဝယ်ပေးမယ် ..."
ခလေးရဲ့အဖေက ပြုံးပြုံးရွှင်ရွှင် စကားပြောနေ ပေမယ့် အင်းမလုပ် အဲမလုပ်နဲ့ မှုန်ကုပ်နေသည်"ဆရာ ကျွန်တော် အလုပ် သွားလိုက်အုံးမယ် ...သားလေးကို ဂရုစိုက်ပေးပါဗျာ"
"ဟုတ်ကဲ့ဗျ...စိတ်ချလက်ချသွားပါ..."ခလေး ရဲ့အဖေ ထွက်သွားတာနဲ့ ခလေးရဲ့ အိပ်ရာဘေး ဝင် ထိုင်ပြီး ခလေးရဲ့လက်ကို ကျွန်တော် ကိုင်လိုက်တယ်...
"Pete...စာမသင်ခင် အကို့ရဲ့ အကြောင်း နည်းနည်း လောက် ပြောပြမယ်နော်..."
ခလေး ရဲ့ မှိန်ဖျော့ဖျော့ မျက်ဝန်းတွေက နံရံကို ငေးနေ ပေမယ့်..ခလေးက ခေါင်းတစ်ချက် ညိမ့်ပြတယ်..
ခလေး နဲ့ပိုပြီးရင်းနှီးအောင်လို့ ဆရာလို့မသုံးပဲ အကို လို့ပဲ သုံးလိုက်တယ်"အကို့နာမည်က Kao...အကို့မှာ အဖေမရှိတော့ဘူး...အကိုက အထက်တန်းပြဆရာတစ်ယောက် ...ဒီနှစ်ထဲ အကို့အမေရဲ့ နှလုံးရောဂါ ထဖောက်လာလို့ အကို အလုပ်ထွက်ခဲ့ရတယ် ...ပြင်ပကျူရှင်တွေ လိုက်သင်လို့ ရတဲ့ဝင်ငွေက အစိုးရလစာထက် ပိုများတော့ အကို့အတွက် အဆင်ပြေတယ်လေ...အမေ့ဆေးဖိုးတွေနဲ့ အကို့အောက်က ညီမလေးရဲ့ ကျောင်းစရိတ်အတွက် ခလေးရဲ့အဖေ ပေးတဲ့လစာနဲ့မှ လောက်မှာမို့ ဒီအလုပ်ကို လာလျှောက်ခဲ့တာ ...
ခေလးသာ စာကိုကြိုးစားသင် ရင် ခလေးရဲ့ အေဖက လစာတိုးပေးမယ်လို့ ပြောတယ်... ခေလး သာ စာကြိုးစားရင် အကိုတို့ မိသားစုဘဝကို ကယ်တင်ရာ ရောက်ပါတယ်..."
YOU ARE READING
"ဆုံဆည်းခွင့်လေးပေးပါ"
Fanfictionငါ မင်းကို မမှတ်မိခဲ့လို့ တောင်းပန်ပါတယ်New Tay.....ဒီတစ်ခါ မခွဲတော့ဘူးနော်.........