Ep 4 (Uni + Z)

104 21 13
                                    

Newအင်တာဗျူးဖြေဖို့ Tawanကုမ္ပဏီကိုရောက်တော့
သူလျှောက်ထားတဲ့နေရာက သူဌေးရဲ့ကိုယ်ပိုင်အတွင်းရေးမှူးနေရာတဲ့လေ...သူ့ပညာအရည်အချင်းနဲ့ လုံးဝမျှော်မှန်းလို့မရတဲ့နေရာပေါ့

"New Thitipoom အလှည့်ရောက်ပါပြီ..."

"Kha..."

"ပညာအရည်အချင်းကတော့မဆိုးဘူးပဲ...လုပ်ငန်းအတွေ့အကြုံလည်းရှိတယ်..."

"ဟိုလေ...အဲ့တာ ကျွန်တော့်အရည်အချင်းအစစ်တွေမဟုတ်ပါဘူး
ကျွန်တော်က ခုမှ Eco ပထမနှစ်ပဲရှိသေးတာပါ..."

"ဘာ...ဒါဆို မင်းက ဘွဲ့လက်မှတ်အတုတွေနဲ့ လိမ်လည်ပြီး အလုပ်လာလျှောက်တာလား..."

"...ဘယ်သူက ဒါမျိုးလုပ်ရပ် လုပ်ရဲတာလဲ..."
အရပ်မြင့်မြင့် အသားညိုညို မျက်ခုံးကောင်းကောင်း...
လူတစ်ယောက်ဝင်လာတော့ အခန်းထဲရှိလူတွေအကုန်
ဦးညွတ်ပြီး

"ဆာဝါဒီခ.... သူဌေးလေး ကိုယ်တိုင်လာကြည့်တာလားဗျ..."

"ခုနက ကျွန်တော်ကြားလိုက်တယ်...
ဘယ်သူက လိမ်လည်ပြီး...ကုမ္ပဏီကို အလုပ်လာလျှောက်တာလဲ..."

"ကျွန်တော်ပြောလည်းယုံမှာမဟုတ်ပေမဲ့...အဲ့တာ ကျွန်တော်လျှောင်တာမဟုတ်ပါဘူး..."

"လုံခြုံရေးခေါ်လိုက်..."

သူဌေးလေးက ငယ်ငယ်ကတည်းက ကုမ္ပဏီစီမံခန့်ခွဲရေးပိုင်းတွေ လေ့လာခဲ့ပြီး ခုဆို အသက်ငယ်ငယ်လေးနဲ့...စီးပွားရေးလုပ်ငန်းတွေ ဦးဆောင်လုပ်ကိုင်နေပြီဖြစ်သည်
ဒီနေ့က သူ့ရဲ့သူဌေးရာထူးနဲ့ ပထမဆုံးအလုပ်ဝင်တဲ့နေ့ဖြစ်တဲ့အပြင်
သူကိုယ်တိုင်လည်း သူဌေးသားဆိုတဲ့အချက်နဲ့မဟုတ်ပဲ သူ့ရဲ့ကိုယ်ပိုင်အရည်းအချင်းနဲ့ ရောက်လာခဲ့တာမို့
ဒီလို လိမ်လည်တာမျိုး သူ လုံးဝမကြိုက်.....

"မလုပ်...မလုပ်ပါနဲ့ဗျာ...ကျွန်တော့်တကယ်အလုပ် လိုအပ်နေလို့ပါ..."

သူဌေးလေးက ပြောပြီးထွက်သွားမယ်အလုပ်...
Newနောက်ကနေ လက်လှမ်းဆွဲပြီး သူ့ကို
ရဲလက် မအပ်ဖို့ တောင်းပန်တော့
သူဌေးလေး ခေါင်းတွေကိုက်လာတာကြောင့်

"အားးးးး..... ငါ့လက်ကိုလွှတ်..."
New...သူဌေးလေးလက်ကို လွှတ်လိုက်ပြီး
မကြာဘူး သူဌေးလေး မူးလဲသွားသည်

"ဆုံဆည်းခွင့်လေးပေးပါ"Where stories live. Discover now