နှစ်20 ခန့်ကြာသော်
"အမေ့အကြွေးတွေကတော့ ရှင်သာရိပုတ္တရာမှပဲ ရေတွက်နိုင်တော့မယ် ထင်ပါရဲ့..."
ဘန်ကောက်သို့ ကျောင်းသွားတက်နေကြသော
New,Gun နဲ့ Singto တို့ညီအကိုသုံးယောက်သည်...ကျောင်းပိတ်လို့ ချင်းမိုင်သို့ ပြန်လာကြရာ
သူတို့အမေ၏ညည်းညူသံကိုကြားလျှင်...
ရယ်စရာပြောသည်ဟုထင်ကာ...တဟားဟားရယ်ကြသည်"အံမယ်...ငါတို့အမေက စကားကြွယ်သားပဲ..."
ဟုလည်း စိတ်ထဲကနေ အမေဖြစ်သူကို
အမှတ်ပေးနေကြသေးသည်သို့သော် ရက်အနည်းကြာလျှင်မူ သူတို့အမေသည် ထိုစကားကို ရယ်စရာအဖြစ်ပြောတာမဟုတ်မှန်း သိလေသည်
နေ့ညမပြတ် ဝင်လိုက်ထွက်လိုက်လာနေကြသော အကြွေးရှင်တွေကိုကြည့်ပြီး"မြတ်စွာဘုရား..ဒီလောက်များတဲ့အကြွေးတွေ ဘယ်လိုတင်သွားတာပါလိမ့် "ဟု
သုံးယောက်သား ခေါင်းချင်းဆိုင် မေးခွန်းထုတ်မိကြသည်Gun - "အမေ အဲ့ဒီအကြွေးတွေ ဘယ်လိုတင်သွားတာလဲ..."
Mom - "မသိတော့ပါဘူး သားရယ်..."
"ဘယ်နှယ့်မသိရမှာတုန်း...."
အငယ်ဆုံးသား New က နှုတ်ခမ်းစူကာမေးသည်ကို မြင်မှMom - "သားတို့အဖေဆုံးတုန်းက ထားခဲ့တဲ့ ပိုက်ဆံတွေကို
လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြုပ်နှံလိုက်တာ...အမေ့ပိုက်ဆံတွေ အလိမ်ခံလိုက်ရတယ်...အဲ့တာ သားတို့သိရင် စိတ်ဆင်းရဲနေမှာစိုးလို့ မပြောတာ..."New က နှုတ်ခမ်းကြီးပိုစူလာပြီး
"အဲ့ဒီတော့...""ဒီကြားထဲ...သားတို့လိုအပ်တဲ့ပိုက်ဆံတွေ အမေမပေးနိုင်ရင်
သားတို့မျက်နှာငယ်မှာစိုးတာနဲ့ ဟိုကနည်းနည်း ဒီကနည်းနည်းချေးပေးခဲ့တာ...
သားတို့ပဲ စဥ်းစားကြည့်...
သားကြီးSing ဆို ဘွဲ့လွန်တက်နာ
သားလတ်က ဆေးတက္ကသိုလ်
သားငယ်က Eco ပထမနှစ်... "Sing မျက်နှာကြီးမဲလာပြီး
"အဖေ ချန်ထားခဲ့တဲ့ ပိုက်ဆံတွေက သားတို့တစ်သက်
စားမကုန်ဘူး...ဘာလို့ သားတို့နဲ့ မတိုင်ပဲ လျှောက်လုပ်လိုက်တာလဲ...""သားက ငယ်သေးလို့ဆိုရင်တောင်...ကိုကြီးတို့ ကိုလေးတို့နဲ့ တိုင်ပင်လို့ရတာပဲ..."
New ကပါ သူ့ကိုကြီး စကားအတိုင်းနောက်ကနေ follow လိုက်ပေးနေသေးသည်
YOU ARE READING
"ဆုံဆည်းခွင့်လေးပေးပါ"
Fanfictionငါ မင်းကို မမှတ်မိခဲ့လို့ တောင်းပန်ပါတယ်New Tay.....ဒီတစ်ခါ မခွဲတော့ဘူးနော်.........