TOPIK စာမေးပွဲအကြောင်းနဲ့ သတင်းအချို့
TOPIK ဆိုတာ ကိုရီးယားနိုင်ငံက ကျင်းပတဲ့ ကိုရီးယားဘာသာစကား အရည်အချင်းကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခုပါ။ ကိုရီးယားနိုင်ငံမှာတော့ တစ်နှစ်ကို 6 ကြိမ် ကျင်းပလေ့ရှိပြီး မြန်မာမှာတော့ တစ်နှစ်ကို တစ်ကြိမ်သာကျင်းပပါတယ်။ ပုံမှန်အားဖြင့် 10 လပိုင်း လလယ်လောက်မှာ ကျင်းပလေ့ ရှိပါတယ်။
🔺TOPIK လက်မှတ်က အရေးကြီးလား?
အရေးကြီးပါတယ်။ အလုပ်လျောက်တာဘဲဖြစ်ဖြစ် စကော်လာလျောက်တာဘဲဖြစ်ဖြစ် TOPIK လက်မှတ်လိုပါတယ်။ TOPIK လက်မှတ်ကတော့ သက်တမ်းနှစ်နှစ်သာ ရှိတာမလို့ နှစ်နှစ်အတွင်းမှာဘဲ အကြုံးဝင်ပါတယ်။ TOPIK Level 3 ရှိမှ Scholar စလျောက်လို့ရပါတယ်။ TOPIK level များလေလေ ရာခိုင်နှုန်း ပိုရလေလေပါဘဲ။
🔺စာမေးပွဲပုံစံ
စာမေးပွဲကတော့ TOPIK 1
TOPIK 2 နှစ်ခု ရှိပါတယ်။TOPIK 1 ဟာ Beginner Level ဖြစ်ပြီး အမှတ် 200 ဖိုးမှာ 80 ရရင် Level 1 အောင်ပါတယ်။ 140 ရရင် Level 2 အောင်ပါတယ်။ JLPT တို့ HSK တို့လို Level ရွေးပြီး ၀င်ဖြေရတာမဟုတ်ဘဲ ကိုယ်ဖြေတဲ့ အမှတ်ပေါ်မူတည်ပြီး Level ရတာပါ။
TOPIK 1 မှာတော့ Reading Test နဲ့ Listening Test သာပါပါတယ်။
TOPIK 2 ကတော့ Intermediate နဲ့ Advance Level အတွက်ဖြစ်ပြီး ပေးမှတ် 300 မှာ
အမှတ် 120 ရရင် Level 3
အမှတ် 150 ရရင် Level 4
အမှတ် 190 ရရင် Level 5
အမှတ် 230 ရရင် Level 6 ဆိုပြီးခွဲပါတယ်။TOPIK 2 မှာတော့ Reading Test, Listening Test အပြင် Writing Test ပါပါတယ်။ TOPIK 2 မှာ အမှတ်များများရဖို့ Writing က အရမ်းအရေးကြီးပါတယ်။
🔺စာမေးပွဲအကြောင်း
ပုံမှန်အားဖြင့် 10 လပိုင်းထဲမှာ ကျင်းပတတ်ပါတယ်
TOPIK 1 အတွက် စာမေးပွဲကြေး 15000
TOPIK 2 အတွက် စာမေးပွဲကြေး 25000 ပေးသွင်းရပါတယ်။မှတ်ပုံတင်ရှိမှ စာမေးပွဲဖြေလို့ရပါတယ်။
အခုထိကတော့ အဖြေစာရွက်ပေါ်မှာ အဖြေမှန်ကို အဝိုင်းလေးတွေ ဝိုင်းရတဲ့ စနစ်နဲ့ ဖြေနေတုန်းပါဘဲ။
နောက်ကျရင်တော့ Computer Test ပြောင်းဖို့ ရှိပါတယ်။ နောက်ပိုင်း TOPIK စာမေးပွဲတွေမှာ Speaking Test ကိုလဲ ထည့်သွင်းသွားမယ်လို့ သတင်းထွက်နေပါတယ်။ရန်ကုန်နဲ့ မန္တလေး နှစ်နေရာမှာ စာမေးပွဲ ကျင်းပပါတယ်။
🔺TOPIK level နဲ့ Textbook
Textbook တွေ သင်ထားရုံနဲ့ စာမေးပွဲဝင်ဖြေလို့တော့ မရပါဘူး။ Textbook စာအုပ်အတိုင်းအတာတစ်ခုထိ သင်ထားပြီးရင် TOPIK အတန်းတွေ တတ်ရပါမယ်။ အဲ့လိုမှ အဆင်ပြေမှာပါ။
Fun Fact အနေနဲ့ကတော့ ဖြေဖို့ ဘောပင်မလိုပါ။ သူတို့ပေးပါတယ်။ အပြင်ကိုယူခွင့်မရှိပေမဲ့ ယူလာကြတဲ့ လူတွေလဲ ရှိပါတယ်
အရင်နှစ်က TOPIK 1 ဖြေဖို့ ပြင်ဆင်ထားတယ်ဆိုရင် ဒီနှစ် TOPIK 2 ဖြေဖို့ဘဲ လုပ်ပါ။ TOPIK 1 အောင်လက်မှတ်တွေဟာ အသုံးဝင်တဲ့နေရာ တော်တော်ကိုရှားပါတယ်။ အလုပ်လုပ်လို့လဲ မရပါ။
မေးချင်တာရှိရင်လည်း မေးခဲ့ကြပါဦး👋
#topik #topikexam #crd #MyKoreaNotebook
YOU ARE READING
South Korea ( 대한민국) Myanmar Channel
Actionkorea ကို စိတ်ဝင်စားသူတိုင်း ဒီ Learning about South korea ဆိုတဲ့နေရာမှ Korea နိုင်ငံ နဲ့ပတ်သက်သမျကို သိသလောက် ...တင်ပေးသွားမှာပါနော်.. စိတ်ပါဝင်စားသူတိုင်း ဖတ်ရှုနိုင်ပါတယ်😊