🇰🇷Topik ဖြေနည်း 🇰🇷

493 16 2
                                    

🇰🇷Topik ဖြေနည်း 🇰🇷

Topik ၀င်ဖြေချင်တဲ့လူတွေအတွက် 2020 မှာ စစ်မယ့် သံရုံး Topik ကို ၀င်ဖြေနိုင်ကြပါတယ် ။ Date အတိကျ မထွက်သေးပေမယ့် များသောအားဖြင့် 10လပိုင်းလောက်မှ စစ်နေကြတာမို့ ဖြေမယ့်သူတွေ အနေဖြင့် အခုထဲက ‌ပြင်ထားဖို့လိုအပ်နေပါပြီ ။ များသောအားဖြင့် 10လပိုင်းဟာ အဝေးသင် ဒုတိယအသုတ်နဲ့ တိုက်ပေမယ့် ဒုတိယအသုတ် ကျောင်းသူ/ကျောင်းသားများ ဖြေမယ်ဆိုလဲ Topik က Sunday မှာ စစ်နေကြမို့ ဖြေမယ်ဆို အခုထဲက စာလုပ်ထားပြီး Sunday တစ်ရက်အချိန်ပေးပြီး သွားရောက်ဖြေဆိုနိုင်ပါတယ် ။

ဖြေဆိုရာတွင် (၂) ပိုင်းခွဲထားပါတယ် ။ Topik 1/2 တစ်ပိုင်းနဲ့ Topik 3/4/5/6 ဆိုပြီး နှစ်ပိုင်းရှိပါတယ် ။ Topik 1/2 ပဲဖြေချင်သူတွေက 1/2 ဖိုးပဲ ပ်ုက်ဆံသွင်းပါ ($20 လောက် ခန့်မှန်းခြေပါ ) ဒါမှမဟုတ် ကိုယ်က Topik 3 ကိုစမ်းသက်ချင်ရင်တော့  ($40 သွင်း) ပြီး ဖြေဆိုနိုင်ပါတယ် ။

Topik 1/2 ကတော့ (듣기/ 읽고 쓰기 ) လောက် ပဲ ဖြစ်ပေမယ် Topik 3 ‌ကတော့ Essay တွေရေးရမှာမို့  Topik 3 စမ်းချင်သူတွေက 쓰기 (အရေးကို ) သေခြာပိုင်နိုင်အောင် ကျင့်ဖို့လိုအပ်ပါတယ် ။

မင်မင်အနေနဲ့ အခုမှစဖြေမယ့်လူတွေကို Topik 3 လောက်ထိ စမ်းသပ်စေချင်ပါတယ် ။ ဘာလို့ဆို တစ်နှစ်ကို တစ်ခု နှုန်းနဲ့သွားနေရင် Topik က တစ်နှစ်တစ်ကြိမ်စစ်တာမို့ Topik 6ထိပြီးဖို့ဆိုတာ  အရမ်းကြာသွားနိုင်ပါတယ်  ။

{ဒီနေ့ကတော့ မင်မင်သိသလောက် Topik အကြောင်းလေး ကိုပြောပြပေးသွားတာဖြစ်ပါတယ်  }

#ilovesouthkoreaMM

#ilovesouthkoreaMM

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.
South Korea ( 대한민국)  Myanmar Channel Tahanan ng mga kuwento. Tumuklas ngayon