EPISODE-1

1.7K 99 5
                                    

Unicode version

"Taehyungရေ...မနက်ဖြန်ငါ့မွေးနေ့"

"ဟုတ်သားပဲ...ငါလက်ဆောင် ဘာပေးရမလဲ"

"ငါတို့ကြားမှာအဲ့ဒါတွေမလိုပါဘူး"

"Jiminမွေးနေ့ဆိုတော့ ငါတို့ကိုလည်း
တစ်ဝိုင်းလိုက်ကျွေးရမယ်"

ထိုအခါ ဘေးနားမှခင်ပွန်းဖြစ်သူ
Namjoonက...

"Jinnieကလည်း အားနာစရာကြီးကို"

"စိတ်ချပါNoona Jinnie
စားချင်တာမှန်သမျှ အကုန်ဝယ်ကျွေးမှာ"

"ဒါမှ တို့မောင်လေး Park Jiminကွ"

ကျွန်တော်က Park Jimin ... MJကုမ္ပဏီမှာ
အလုပ်လုပ်နေတဲ့ဝန်ထမ်းတစ်ယောက်။
Kim Taehyungသူက ကျတော့်လုပ်ဖော်
ကိုင်ဖက်လေ အသက်ချင်းလည်းအတူတူပဲ၊၊
ကျတော်က အမြဲတမ်းပြုံးပြုံးရွှင်ရွှင်
လန်းဆန်းတက်ကြွပြီး ဖော်ရွေတတ်တာမို့
လူတိုင်းက ကျတော့်ကိုဆိုခင်ပြီးသား။
အခုပဲကြည့်လေကျတော့်လုပ်ဖော်ကိုင်ဖက်
Noona Jinnieတို့ဆိုရင် ကျတော့်ကို
သူစိမ်းဆိုတာတောင်မေ့နေပြီး
မောင်နှမလိုမျိုး ပြောဆိုဆက်ဆံနေကြတာ။
Message>>>
Messageဝင်လာတဲ့ဖုန်းကိုကြည့်ကာ
Taehyungရုပ်သည်လည်း ပြုံးစိစိဖြင့်

"Yah...ဘာကိစ္စအဲ့လောက်ထိပြုံးနေရတာလဲ"

"Minaလေ ဒီညDateဖို့ပြောလို့ပါ"

"အဲ့တော့ သူနဲ့ ဒီညDateမှာပေါ့"

"အင်းပေါ့ ငါသူ့ကိုတစ်ခါတည်းလက်ထပ်ခွင့်တောင်းလိုက်
ရင်ကောင်းမလား"

"မဖြစ်ဘူး!!!"

စိုးရိမ်တကြီးထအော်လိုက်တဲ့ Jiminအသံကြောင့်
Taehyungအပါအဝင် ကျန်တဲ့သူတွေရော
အားလုံးမှာမျက်လုံးအဝိုင်းသား ပါးစပ်ဟောင်းလောင်းဖြင့်...

"ငါဆိုလိုတာက လက်ထပ်တာ
ဘယ်အချိန်ဖြစ်ဖြစ်လုပ်လို့ရတယ်လေ
ငွေရှာတာကတော့ အခုလိုငယ်ငယ်ရွယ်ရွယ်
အချိန်မှာ ပိုရှာသင့်တယ်မဟုတ်ဘူးလား"

"Jimin ah...မင်းကအရမ်းချစ်ဖို့ကောင်းတာပဲ
ငါတို့နောင်ရေးအတွက်ပါတွေးပေးရှာတယ်
မင်းကငါ့အတွက်အကောင်းဆုံး သူငယ်ချင်းပဲ"

𝗦𝘄𝗲𝗲𝘁 𝗯𝘂𝘁 𝗣𝘀𝘆𝗰𝗵𝗼[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙]✓Tempat cerita menjadi hidup. Temukan sekarang