EPISODE-4

764 70 3
                                    

Unicode version

"Taehyung...ဒီနေ့ အလုပ်လည်း
မလာပါလား နေမကောင်းလို့ထင်တယ်"

"သူ့အိမ်ကလူတွေ ပြောတာတော့
ညကတည်းက အိမ်ပြန်မလာတာတဲ့
ဖုန်းဆက်လို့လည်းမရဘူးတဲ့"

"အိမ်နဲ့ရန်ဖြစ်ပြီး ထွက်သွားတာများလား"

"မသိဘူး...24နာရီပြည့်လို့မှ
အဆက်အသွယ်မရရင်တော့ ရဲစခန်းမှာ
တိုင်ချက်ဖွင့်မယ်ကြားတယ်"

ကုမ္ပဏီကလူတွေရဲ့ တီးတိုးစကားသံကြောင့်
Jiminပြုံးလိုက်မိတယ်။

"Jimin ah...အစ်မကို ဒါလေးမိတ္တူဆွဲပေး"

"ဟုတ်ကဲ့ "

"နင်ဘာဖြစ်နေတာလဲ...မှန်မှန်ပြောစမ်း
အလုပ်လာကတည်းက နင့်ရုပ်ကပြုံးစိစိနဲ့"

"ဒီလိုပါပဲ ပျော်စရာကိစ္စတစ်ခုကြောင့်ပါ"

"ပျော်စရာ?ဒါမျိုးက စားစရာ
သောက်စရာတွေနဲ့ အောင်ပွဲခံသင့်တယ်လေ
ညနေကျ ရုံးဆင်းရင်ငါတို့ကို တစ်ဝိုင်းလိုက်ကျွေး"

"တော်ပါတော့... Jinnieရာ
Jiminကို အားနာစရာကြီး မင်းကလေ
စားဖို့ပဲသိ..."

"Yahh...Kim Namjoonရှင်
ဘယ်တုန်းက ကျမကိုအဲ့လို ပက်ခနဲ
ပြန်ပြောတတ်သွားရတာလဲ ဟမ်?"

"အဲ... JinJinလေးကလည်း
စိတ်မဆိုးပါနဲ့ကွာ ...ကိုယ်ကမင်း
အများကြီးစားရင် ဝိတ်တက်..."

"ဘာ!!!"

"ဟိုလေ ကျတော် မိတ္တူသွားဆွဲလိုက်ဦးမယ်နော်"

မကြာခင်Jinnie Noonaတစ်ယောက်
လေမုန်တိုင်းတိုက်တော့မှာမလို့ အမြန်ရှောင်နေမှပဲ၊

"Aww...ကျမကို ဝိတ်တက်ပြီး
ဝက်မကြီးဖြစ်သွားမှာစိုးလို့ပေါ့လေ
အင်းပေါ့ အဲ့ကျရင် ရှင်ကျမနဲ့
ဆက်မပေါင်းချင်တော့ဘူးမလား"

"ကိုယ်ကအဲ့သဘောမျိုး ပြောတာမဟုတ်..."

"တော်ပြီ ဆက်မပြောနဲ့တော့
ရှင်နဲ့ကျမ အိမ်ပြန်ရောက်မှတွေ့မယ်
တောက်!ဒယ်ပြားနဲ့ ဝေးကွာနေလို့
အကျင့်တွေပျက်နေတာ
ညနေကျမှရှင့်ကို ဒယ်ပြားနဲ့စပယ်ရှယ်ကို
ဆုံးမရမယ်"

"ဟင့် JinJinရယ် မရက်စက်ပါနဲ့ကွာ"

________________

တစ်ဖက်တွင်လည်း မြေအောက်ခန်းထဲတွင်
အပိတ်လှောင်ခံထားရသော ကောင်လေးတစ်ယောက်
အခန်းတစ်ခန်းလုံးမှာ အပေါက်ဆိုလို့ မျက်နှာတစ်ခြမ်းစာ
လေဝင်ပေါက်တစ်ပေါက်ပဲရှိသည်။

𝗦𝘄𝗲𝗲𝘁 𝗯𝘂𝘁 𝗣𝘀𝘆𝗰𝗵𝗼[𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙]✓Tempat cerita menjadi hidup. Temukan sekarang