"📱📱📱📱"
ဖုန်းသံကြောင့်Jkအမြန်ထလိုက်သည်။ဘေးကငယ်လေးနိုးမှာစိုး၍ဖြစ်သည်။ငယ်လေးကအိပ်ရေးဝမှမျက်နှာလေးကြည်တာ.....အိပ်ရေးမဝရင်တစ်မှိုင်မှိုင်နဲ့....ဘေးကကိုယ်ကစိတ်မကောင်း။
Jkဖုန်းယူကာရေချိုးခန်းထဲဝင်သွားလိုက်သည်။
"Hello.....Vixပြော"
VixဆိုတာJk U.Sမှာနေစဥ်ကအခင်ရဆုံးသူငယ်ချင်းပါ။
"ဟေ့ကောင်.....အိမ်ထောင်ကျသွားပြီကြားတယ်။မင်းOmegaလေးလှလား"
Jkလည်းVixဆီကအမေးကြောင့်အမြင်ကတ်ကာ
"မလှဘူးရုပ်ဆိုးတယ်"
"အဲ့တာများဘာလို့လက်ထပ်လဲ"
"အိမ်ကသဘောတူလို့....ဒါပဲငါပြန်အိပ်ဦးမယ်။"
"မင်းကဘယ်မှာနေတာလဲ....မိဘတွေနဲ့အတူနေတာလား"
"မဟုတ်ဘူး....ငါတို့နှစ်ယောက်ထဲအိမ်ဝယ်နေတာ"
Jkပြောရင်းနံရံကိုမှီလိုက်သည်။
"ငါအဲ့မှာလာနေလို့ရလား.....ငါကိုရီးယားကိုအလည်လာမလို့"
"မင်း Gender ကဘာလဲ"
Jkစိတ်ပူစွာအရင်မေးမိသည်။Alphaသာဆိုအိမ်ကငယ်လေးနဲ့မဖြစ်.....စိတ်ပူမိသည်။
"Beta"
"မရဘူး....ငါနေဖို့စီစဥ်ပေးမယ်.....ဒါပဲ။Koreaကိုရောက်ရင်ဖုန်းဆက်လိုက်"
Jkပြောရင်းဖုန်းကိုပါတန်းချလိုက်သည်။ငယ်လေးနားမှာAlphaရောBetaရောမရှိစေချင်....Omegaဆိုရင်တောင်စိတ်ပူမိမယ်ထင်။
Jkလည်းအိပ်ယာကိုပြန်သွားလိုက်သည်။ငယ်လေးအိပ်နေတဲ့နားတိုးကာသူပါဝင်လှဲလိုက်သည်။
"ကိုကို.....ခုနဘယ်သွားတာလဲ"
ရုတ်တရက်ကြားလိုက်ရတဲ့အသံလေးကြောင့်လှည့်ကြည့်ရင်း
"ဘယ်မှမသွားဘူး....."
Jkလည်းခေါင်းသာအသာခါပြရင်းဖြေတော့အကောင်ငယ်ကသူ့ရင်ခွင်ထဲတိုးကာငိုနေသည်။
"ကိုကို.....ဘယ်သူ့ကိုမှမကြိုက်ပါနဲ့နော်...ငယ်ကိုမချစ်ရင်တောင်နောက်တစ်ယောက်ကိုမချစ်ပါနဲ့"
ESTÁS LEYENDO
ငယ်ရဲ့ကိုကို(complete)
De Todoချစ်တာကိုထုတ်မပြတတ်တဲ့Jkနဲ့ကိုကိုကိုအသက်တမျှချစ်လွန်းတဲ့Yoongi