15

2.1K 165 2
                                    

Yoongiဧည့်ခန်းထဲမှာဂိမ်းဆော့နေမိသည်။ကိုကိုကတော့ဘေးမှာစာဖတ်နေသည်။Yoongiဂိမ်းအရှိန်မြှင့်လာမှ.....ဖုန်းဆက်လာတဲ့မိခင်ကြောင့်မသက်မသာကိုင်လိုက်ရသည်။

"Hello.....အမေ"

သူဖုန်းပြောတာကြားတော့ကိုကိုကလည်းဘေးနားကပ်ကာနားထောင်နေသည်။

"သားကိုပြောစရာရှိလို့"

Yoongiစိတ်ထဲတစ်မျိုးဖြစ်သွားသည်။မေ့မေ့စကားသံကအတော်လေးနက်နေပုံပင်....

"Jkရှိလား"

Jkလို့ခေါ်နေတဲ့မေမေကစိတ်အလိုမကျတာသေချာသည်။ကိုကိုအပစ်တစ်ခုခုလုပ်ထားတယ်ထင်သည်။မေမေကငယ်ငယ်ထဲကKookieလို့ခေါ်တတ်တာလေ...

ကိုကိုကမရှိဘူးဟုပြောခိုင်းသလိုခေါင်းခါပြသည်။Yoongiလည်းJkခိုင်းတဲ့အတိုင်းပြောလိုက်သည်။

"မရှိဘူး"

"အေး....သားယောက်ကျားကရှုပ်လိုက်တာမှလွန်ရောပဲ.....သားကိုလည်းနည်းနည်းမှဂရုမစိုက်ဘူး.....ချစ်လဲမချစ်ဘူး.....သားကွာရှင်းလိုက်တော့"

"အမေကလည်း"

Yoongiပြောရင်းကိုကိုဘယ်လိုတုန့်ပြန်မလဲသိချင်လို့ကြည့်မိတော့ကိုကိုမျက်နှာကအပူအပင်ကင်းနေသလို....

"အမေကလည်းလုပ်မနေနဲ့....သားကိုမေမေမွေးထားတာသူများအနိုင်ယူတာခံဖို့မဟုတ်ဘူး.....သားကိုမချစ်တဲ့ယောက်ကျားနဲ့ဘာလို့ဆက်ပေါင်းမှာလဲ....အမေဒီရက်ပိုင်းအတွင်းသတင်းတွေကြားနေရတယ်....သူကU.SကVixဆိုတဲ့တစ်ယောက်နဲ့ကြိုက်နေတယ်တဲ့....အိမ်ထောင်ကျတာတောင်Vixနဲ့တစ်တွဲတွဲလျှောက်သွားနေတာပဲတဲ့"

"သူတို့အခုမဆိုင်တော့ပါဘူး"

Yoongiပြောရင်းငိုချင်လာသည်။ဒီအခြေအနေကိုရုန်းကန်နေရတာသူတစ်ယောက်ထဲသာ....ကိုကိုကသူနဲ့ကွာရှင်းရှင်းမကွာရှင်းရှင်းဘာမှဖြစ်တဲ့ပုံမပေါ်....မေမေကလည်းအတင်းအကြပ်ဖြစ်နေတယ်...

"အမေပြောပြီးပြီသား......သူကသားကိုလည်းဂရုမစိုက်ဘူး...."

Yoongiဆက်နားမထောင်တော့ပဲဖုန်းသာချလိုက်သည်။ဖုန်းကိုကြမ်းပြင်ပေါ်ပစ်ခွဲခဲ့ကာအိမ်ပေါ်ခြေဆောင့်ရင်းတက်သွားသည်။Jkလည်းသူတက်သွားမှအနောက်ကပြေးလိုက်ရင်း

ငယ်ရဲ့ကိုကို(complete)Tahanan ng mga kuwento. Tumuklas ngayon