#Unicodeဆန်းကြယ်နဂါး။
သက္ကရာဇ်၂သောင်း ခုနှစ် ရဲ့ သန်းခေါင်ယံ အချိန် ..
မိုးကောင်းကင် တစ်ခုလုံးက လျှပ်နွယ်လျှပ်ပန်း တွေ တစ်ဝင်းဝင်း တောက်ပလျှက် ရှိပြီး အာကာတခွင်လုံး သိမ့်သိမ့်တုန်အောင် ကျယ်လောင်လှသော မိုးခြိမ်းသံတွေကလည်း မရပ်မနား ဆူညံစွာ ထွက်ပေါ်နေသည်။ မိုးခြိမ်းသံတွေ နှင့် အတူ လေကြီးမိုးကြီးပါ ကျဆင်းနေတာကြောင့် ဟုန်ယွမ် မြို့ တစ်ခုလုံး က ငရဲခန်းထဲ ရောက်နေသလို ဖြစ်နေလေ၏။
တဖျပ်ဖျပ် လက် နေတဲ့ လျှပ်စီးတွေကြောင့် ဟုန်ယွမ်မြို့ ရဲ့ အလယ်တည့်တည့် မှာ တည်ရှိနေတဲ့ ကြီးမားထည်ဝါလှတဲ့ အဆောက်အဦးကြီးကို မြင်နေရသည်။ ဆိုးရွာလှတဲ ့ရာသီဥတု ကြောင့် ဟုန်ယွမ်တမြို့လုံးမှာ ရှိနေတဲ့ အိမ်တိုင်းက တိပ်ဆိတ်ငြိမ်သက်နေပေမယ့် ထို ထည်ဝါလှသော အဆောက်အဦ ကြီးမှာတော့ လူသံသူသံ တွေနှင့် ဆူညံပွက်လော ရိုက်လျှက်ရှိသည်။
အဆောက်အဦး၏ ကြီးမားလှသော ခန်းမ ထဲရှိ အလယ်အစွန်တည့်တည့် နေရာ၌ နဂါးပုံထွင်းထု ထားတဲ့ ထိုင်ခုံကြီး တစ်လုံး ရှိကာ ဘေးတစ်ဖက်တွင်တော့ ဇာမဏီပုံ ထွင်းထုထားတဲ့ ထိုင်ခုံ တစ်လုံးရှိနေသည်။
ယင်းတို့၏ ရှေ့တွေ တော့ ကျားသစ်ရေ နဲ့ ခင်းထားသော လျှောက်လမ်းတစ်ခု ရှိနေပြီး လျှောက်လမ်း၏ တစ်ဖက် တစ်ချက်တွင် ထိုင်ခုံ ငါးလုံးစီ အစီအရီ ရှိနေကာ ထိုင်ခုံလက်ရမ်းများမှာတော့ ကျားခေါင်းပုံစံ ထွင်းထုထားလေ၏။ ခန်းမ ၏ အဝင် ဝ အား ခြင်္သေ့ ပုံ ရုပ်ထု နှစ်ခု နှင့် အလှဆင်ထားပြီး ခန့်ညား ထည်ဝါမှုကို သရုပ်ပြနေသည်။
ခန်းမ၏ အဝင်တံခါး ထိပ်တွင်တော့ ရွှေရောင် လက်ရေးလှ စာလုံးများနှင့် ရေးသားထားသော ဟုန်မိသားစု နှလုံးသား ဆိုသော ဆိုင်းဘုတ်ကြီး တစ်ခုက လှပစွာ တည်ရှိနေလေ၏။
ဟုန်မိသားစု နှလုံးသား ဆိုသော ခန်းမ ထဲ ရှိ နဂါးပုံ ထိုင်ခုံ ကြီး သည် ဟုန်မြို့စားကြီး ဟုန်ပေထင်း ၏ ထိုင်ခုံဖြစ်ပြီး ဇာမဏီပုံ ထိုင်ခုံကတော့ မြို့စားကတော် နန်းရှင်း ရဲ့ ထိုင်ခုံဖြစ်လေသည်။ ကျားပုံ ထွင်းထုထားတဲ့ ထိုင်ခုံ တွေ ကတော့ ဟုန်မြို့စားကြီးရဲ့ သမီး ၉ ယောက် ထိုင်ခုံတို့ ဖြစ်သည်။