အပိုင်း(၃)

88 10 2
                                    

#Unicode




ဖြစ်တည်မှုတွေ ကြားက ပျက်သုန်းမှု။

"နင် ဘာဖြစ်နေတာလဲ ဟုန်သွေ့.. ကိုယ့်မောင်လေးရဲ့ ဇာတာကြန်အင်ကို ဖတ်ရှုပေးမယ့် သူကို ဒီလိုမျိုး တားဆီးရသလား။" ဟုန်ပေတင်း က ဒေါသတကြီး အော်လိုက်သည်။

"မဟုတ်......" ဟုန်သွေ့က စကားတန်းလန်းမှာပဲ ရပ်တန့်သွားသည်။

ရှိရှိသမျှသော လူအားလုံးရဲ့ စိတ်ထဲမှာ စိုးရွံမှုတွေက နေရာယူလာကြသည်။

ဒီအချိန်မှာပဲ ကြီးမားတဲ့ ဖိအားတစ်ခု ကျဆင်းလာကြောင်းကို ခန်းမအတွင်းမှာ ရှိသည့် လူအားလုံးက ခံစားလိုက်မိသည်။ ဒီဖိအား က သူတို့တွေ စိတ်ကူးနှင့်တောင် မတွေးဝံ့ သည့် မြင့်မားလှသော အဆင့်မှ ဖိအားဆိုတာ သေချာတယ်။ ဒီဖိအားတွေထဲမှာ သန့်စင်ပြီး အားကောင်းလှသည့် အော်ရာတွေကလည်း ပြည့်နှက်နေပြန်သည်။

"မကောင်းတော့ဘူး. သတိထား" ခန်းမ ထဲက တစ်ယောက်က စိုးရိမ်တကြီးနဲ့အော်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ ဟုန်ပေထင်းက လေပေါ်ပျံတက်သွားပြီး ဧည့်ခန်း ခေါင်မိုးကို ဖောက်ထွင်းကာ သူ၏လက်စွဲတော် ဓားကို ခါးကြားမှာ ထုတ်ယူလိုက်သည်။

သို့သော်လည်း သူ အပေါ်ကို မရောက်မှီမှာပဲ ကြီးမားတဲ့ လက်ကြီး တစ်ဖက် က အနောက်ဆောင်တစ်ခု လုံးကို ထုချေသွားသည်။

"ဘုန်း"

"မလုပ်နဲ့"

"မောင်လေး" ဟုန်အမျိုးသမိးတွေ အားလုံး သွေးရူးသွေးတန်း ဖြစ်ကုန်ကြသည်။

သူတို့မျက်စိရှေ့မှာတင်ပဲ မကြာသေးမှီကမှ မွေးဖွားပြီး လူလောကကို ရောက်ရှိလာသည့် မောင်ငယ်လေးကား မည်သူမည်ဝါမှန်း မသိသော ရန်သူတို့ရဲ့ လက်အောက်မှ သေဆုံးခဲ့လေပြီ။ မည်သို့ အသက်ရှင်လေမည်နည်း။ အဆောက်အဦ တစ်ခုလုုံးကား အမှုန့်ဖြစ်နေပြီ ဖြစ်သည်။

လေပေါ်မှာ ရှိနေသော ဟုန်ပေထင်း က သူ့မျက်စိရှေ့မှ မြင်ကွင်းကို မြင်ပြီးနောက် ချက်ချင်းဆိုသလိုပဲ မြေပေါ်သို့ ပြန်လည် ပြုတ်ကျလာသည်။

ပြိုင်စံရှားWhere stories live. Discover now