ဟူးးးး ကလေးတက်တဲ့ကျူရှင်ကိုလိုက်တက်ခဲ့ပေမဲ့ ကလေးကတော့ဒီနေ့ ကျူရှင်မလာပေ။ကျူရှင်တက်ရန်လည်း လွယ်ကူခဲ့သည်။ တကယ်ပဲမေမေတို့ထားပေးတဲ့ကျူရှင်က ကလေးနဲ့တူတူဖြစ်နေသည်။ ကလေးရယ် မင်းကိုမ ခုမှတွေ့ဖူးမြင်ဖူးပေမဲ့ မင်းရဲ့ပုံရိပ်လေးတွေက မရင်ထဲကနေ ခုထိမထွက်နိုင်သေးဘူး မ တောင်းပန်ပါတယ်ကွာ မကြောင့် မင်းလေး ခုလိုေနမေကာင်းဖြစ်ရတာ။
~~~~~~~~~~~~~~~~~~~~~~~~~
"အာ မေမေရေ"
"ဟဲ့ ဘာလဲ အလန့်တကြားနဲ့"
"သမီးဒီနေ့ကျောင်းတက်မှာလေ ဘာလို့စောစောမနှိုးတာလဲလို့"
"မနေ့ကကျူရှင်မတက်ဘူးလေ အဲ့ဒါကြောင့်ဒီနေ့လည်းကျောင်းမတက်ဘူးထင်လို့မန်ှုးမိတာပါဟယ်"
"မေမေတို့ကလည်းစံပဲ ကိုယ့်သမီးလေးကျောင်းပြေးမှာကိုအားပေးနေတယ်"
"အမယ် ဒေါ်ခြူး ငါရိုက်လိုက်ရ! ခုနိုးပြီမလား ကျောင်းသွားဖို့ပြင်တော့မှီသေးတယ် မြန်မြန်လုပ်"
"မေမေတို့ကလေ"
"စကားမများနဲ့😏"
"ဟုတ်😑"
______________________________________"တီ တီ"
"လာပြီဦးရေ😸"
"ဒီကိုလာထိုင်ညီမလေး"
သွေးကခြူးအတွက်အစွန်နေရာကိုယူထားပေးတယ်။ခြူးလည်းလာရော နေရာလေးဖယ်ပေးရှာတယ်။ ဒီကောင်မလေးက ကိုယ့်ကြောင့်ဖျားသွားခဲ့ရတာလေ ဒီလောက်တော့ပြန်ပြီးမျက်နှာလုပ်ရမယ်မဟုတ်လား။🤧"ရတယ် မထိုင်ဘူး ကျေးဇူး"
"ဟမ်"
"☺️(Fake smile) မြတ်ပိုင် ဟိုဘက်နည်းနည်းတိုး"
ခြူး ကားပေါ်တက်ပြီးအတွင်းဘက်ကိုဝင်ထိုင်မလို့လုပ်နေချိန် သွေးကခြူးလက်ကိုဆွဲလိုက်တယ်။"မင်းဘာလုပ်တာလဲ ငါကမင်းအတွက် နေရာဝင်ယူပေးထားရတာကွ မင်းငါ့နားမှာမထိုင်ချင်တာဆိုလည်းငါဖယ်ပေးမယ် ငါ့ကြောင့်တော့မင်းကိုထပ်ပြီးနေမကောင်းမဖြစ်စေချင်ဘူး"
သူစိတ်ဆိုးသွားပြီ။ ဒီတစ်ခါတော့စိတ်ဆိုးတဲ့နောက်မှာစေတနာေတွရှိနေတယ်။ငါပြောတာများမှားသွားလားမသိဘူး😢
ခြူးဘာမှမပြောဘဲအစွန်မှာဝင်ထိုင်လိုက်တယ်။ခြူးထိုင်တော့သွေးကထမလိုလုပ်လိုက်တယ်။ဟုတ်တယ်လေ ဒီကလေးမလေးနားနေချင်တယ်ဆိုပေမဲ့ အဲ့စိတ်ထက်သူထပ်နေမကောင်းဖြစ်ဖို့ကပိုအရေးကြီးသည်လေ။ကိုယ်ပဲထွက်သွားပေးပါ့မယ်။