Time Passed 🤧
ဒီနေ့ဆိုမမနဲ့ခြူးတွဲတာ၁နှစ်တောင်ပြည့်ပြီ
ကိုးတန်းဖြေပြီးတော့နွေရာသီတစ်လျှောက်လုံးလည်းမမနဲ့အဆက်အသွယ်မပြတ်ခဲ့ဘူး ဆယ်တန်းတက်တော့လည်း ကျောင်းဆင်းချိန်ဆိုမမကခနခနလာတွေ့တတ်တယ် တစ်ခါတလေဆိုကျောင်းကဆရာမကိုခွင့်တောင်းပြီးအပြင်ခေါ်ထုတ်တတ်သေးတယ် ဘယ်လိုခေါ်ထုတ်လဲဆိုတာတော့မသိပေမဲ့လေးစားစရာပဲ ဒီလိုမျိုးလုပ်နိုင်တာ။ မမနဲ့တွဲနေတယ်ဆိုပေမဲ့ မမကအိမ်အကြောင်းကိုသိပ်မပြောပြတတ်ဘူး ပြောရင်လည်းအဲ့ခနတွင်းမှာဝမ်းနည်းတဲ့အရိပ်ယောင်တွေပေါ်လာတတ်တယ် အဲ့ဒါကြောင့်ခြူးလည်းမမေးဖြစ်ခဲ့ပါဘူး ခြူးရဲ့မမလေးမျက်နှာညှိုးသွားမှာပိုစိတ်ပူရတယ်လေ မမကခြူးကိုအရမ်းဂရုစိုက်တတ်ပါတယ် ချစ်လည်းချစ်ရှာတယ် ရန်လည်းခနခနဖြစ်ရတယ်။အကြောင်းပြချက်ရေရေရာရာမရှိပေမဲ့ ရန်ကတော့ခနခနဖြစ်တယ်။ အခုလည်းမမနဲ့စိတ်ကောက်နေရပြန်ပြီလေ သူကပါပြန်ကောက်နေသည်လားမသိ ခြူးကိုအခုထိလာမချော့သေးပေ။"တီ တီ"
ပြောရင်းဆိုရင်း messageဝင်လာပါပြီ။
-1 year anniversary!!!! စိတ်မကောက်နဲ့တော့ မမလည်းမကောက်ဘူး
-စိတ်မကောက်ဘူးဆိုပြီးပြောပုံက😤
-ဘာလဲ မကောက်ဘူးကွာ
-နေ့ထူးနေ့မြတ်လေးမို့ခွင့်လွှတ်ပေးလိုက်မယ်
-ကျေးဇူးပါရှင် ချစ်တယ်
-အတူတူဘဲ
-အိမ်ရှေ့မှာရောက်နေတယ် ထွက်လာခဲ့
-အင်း ပြီးရော
"ဘာလာလုပ်တာလဲ"
"လွမ်းလို့ပေါ့ မျက်နှာလေးမြင်ချင်လို့"
"ခုမှလာချွဲနေတယ် စာပို့တုန်းကတောင်အဲ့လိုပုံလား ဟွန်း"
"ကလေးကရော မမကိုမခေါ်ဘဲအကြာကြီးထားပြီးတော့"
"ကလေးကစိတ်ကောက်တဲ့လူလေ မမကချော့ရမှာ😏"
"အင်းပါ ခုချော့မယ် မမကလေးကိုလွမ်းနေပြီ လွမ်းလွန်းလို့အိပ်တောင်မပျော်ဘူး🥺"
"ပိုပြီ အာဘွား ချွဲတာရပ်တော့ အိမ်ထဲဝင်"
"ဝင်ဘူး ကားပေါ်တက်"
"အဝတ်လဲလိုက်ဦးမယ် ခန"
"မလဲနဲ့တော့ မမနဲ့ပဲတွေ့ရမှာကို"
"အဲ့ဆိုတံခါးတွေတော့ပိတ်အုံးမယ်"
"ဟုတ်"