"မမ...မမ....အာ မမ ဘယ်ရောက်သွားတာလဲ"
ခြူးနိုးလာတော့မျက်လုံးအဖွင့်ရသေးခင်ထဲကမမကိုတနေမိတယ် ပြန်မထူးလို့ဖွင့်ကြည့်လိုက်တော့မမ မရှိတော့"မမ ကလေးခေါ်နေတာကို ကြားဝူးလား"
"အမ် ကလေး ပြောလေ"
"မမ မျက်နှာလည်းမကောင်းပါ့လား ဘာဖြစ်လို့လဲဟင်"
"ဟူးးးးးးး မမပြောပြပါ့မယ်"
"ဟုတ် ပြောလေမမ"
"အဖေနဲ့အမေကွာရှင်းတော့မယ်တဲ့"
"ဟင် ဘယ်လိုဖြစ်ရတာလဲ"
"အင်း အစထဲကအဖေနဲ့အမေကကွဲဖို့လုပ်နေကြပြီးသားပါ နေ့တိုင်းရန်ဖြစ်ကြတယ် ကလေးသိတယ်မလား မမအဖေက မြတ်သွေး ဆေးရုံပိုင်ရှင်လေ ပြီးတော့MT Groupရဲ့ဥက္ကဌ အမေကတော့ မိဘမဲ့ကျောင်းက အဖွားကသနားလို့ခေါ်မွေးစားထားရင် အဖေနဲ့မှားခဲ့ကြတာ ပြောရမယ်ဆိုကွာ အဖွားကခုချိန်ထိအမေ့ကိုလက်မခံသေးဘူး အဖေကအသောက်အစားလည်းရှိတယ် sponsorပေးထားတဲ့ကောင်မလေးတေဆိုလည်းအများကြီးပဲ😅အမေနဲ့ခနခနရန်ဖြစ်ကြတယ် အမေကမမမျက်နှာကြောင့်တော်တော်သည်းခံပြီးပေါင်းခဲ့တာပါ ခုတော့ကွာရှင်းကြမယ်တဲ့လေ😌 "
"ဒါ ဒါဆိုမမက ဘယ်သူနဲ့လိုက်နေမှာလဲ"
"အင်း မမကအမေနဲ့ပဲနေချင်တယ်"
"အန်တီကရော ဘယ်မှာနေမှာလဲမမ"
"အမေလား မမမသိဘူး အမေကလေသိပ်မာနကြီးတာကလေးရဲ့ အခုကွာရှင်းမှာတောင် အမေကဘာပစ္စည်းမှမယူဘူးတဲ့ တရားရုံးမှပြောခဲ့တယ်"
"ဒါဆိုနေစရာရော ဘယ်ရှ်ိပါ့မလဲ"
"အင်း ဒီအခန်းမှာတော့ပေးနေလို့ရတယ်လေ"
"မမ မမလည်းအလုပ်ရှိတာမဟုတ်ဘူးနော်"
"မမသိပါတယ် အမေနဲ့နေမယ်ဆို မမအလုပ်လုပ်တော့မှာပါ"
"မမကျောင်းကရော မမထွက်လိုက်လို့မရဘူးနော်"
"ကလေးရယ် မမအမေ့ကိုပြန်ဂရုစိုက်ရမယ်လေ"
"မရဘူးမမ engineerဖြစ်ချင်တာမမရည်ရွယ်ချက်လေ မမဘယ်လောက်တောင်မျှော်လင့်ထားလဲကလေးသိပါတယ် အဲ့လိုတော့မလုပ်လိုက်ပါနဲ့ကွာ"