2.White God

11.4K 914 71
                                    

Unicode version....

FOLLOW ME-2
.
.
.
.
.
"ထပ်တွေ့ရလို့ ပြောမပြတတ်အောင်ပါပဲချာတိတ်!..."

ပျော်မြူးရိပ်တွေနဲ့ရိပေါ်ကိုခပ်ငေးငေးကြည့်ရင်းနှုတ်ဆက်လာသည့်တီလေးရီလျှမ်းအမျိုးသား ရိပေါ်ရဲ့ဦးငယ်ရှောင်းကျန့်။

စတွေ့ကတည်းကလူတကိုယ်လုံးကိုဝါးမျိုမတတ်ကြည့်တတ်သည့်မျက်ဝန်းတွေကတီလေးရီလျှမ်းရှေ့မှာလည်းထို့နည်းတူပင်မပြောင်းလဲ။

ထိုလူ့မျက်ဝန်းတွေက အစကတည်းက နေမြဲတိုင်းဆာလောင်မှုကိန်းဝပ်နေသည့်အကြည့်တွေနဲ့ယှက်နွယ်ထားတာလား...ဒါမှမဟုတ် ရိပေါ်ကိုကြည့်တဲ့အကြည့်တွေကကိုထိုသို့ရမ္မ က်တွေရောထွေးနေတာလား မသဲကွဲ။

"မောင်နဲ့ဝမ်လေးကတွေ့ဖူးကြတာလား..."

"အင်း...ချာတိတ်နဲ့ကျွန်တော် wedding night partyတုန်းကတခါဆုံဖူးတယ်..."

အကြည့်စူးစူးကိုကြောက်ရွံ့စွာခန္ဓာလေးသေးကြုံ့လို့ထိုင်မြဲတိုင်းထိုင်နေသည့်ချာတိတ်လေးကိုကြည့်ရင်းရီလျှမ်းအမေးကိုပြန်ဖြေလိုက်သည့်ရှောင်းကျန့်။

"အာ...အဲ့လိုကိုး...ဝမ်လေး ဒါတီလေးအမျိုးသားရှောင်းကျန့်တဲ့...IPလုပ်ငန်းစုရဲ့လက်ရှိCEO..."

ရှောင်းကျန့်ဆိုသည့်အမည်နာမနောက်ကဘယ်လောက်ကြီးကျယ်မြင့်မြတ်​ကြောင်း ဂုဏ်ပုဒ်တစ်ခုကထည်ဝါစွာကပ်ပါလာပေမဲ့ရှေ့ကချာတိတ်လေးကခေါင်းအသာငြိမ့်ပြရုန်လေးအသိမှတ်ပြုတယ်။

"မောင်...ဒါက ရီလျှမ်းတူလေး..."

"နာမည်ကဝမ်ရိပေါ် အထက်တန်းကျောင်းပြီးအသက်၁၈နှစ် လက်ရှိပန်းချီသင်တန်းတစ်ခုတက်နေတယ်...ဝမ်မိသားစုရဲ့တစ်ဥ​ီးတည်းသောသား...ဟုတ်တယ်ဟုတ်ချာတိတ်..."

ရိပေါ်ကိုပြုံးပြုံးလေးကြည့်ရင်းလေသံအေးအေးဖြင့်တခုချင်းပြောလာသည့်ရှောင်းကျန့်ကြောင့်ရီလျှမ်းအပြင်ရိပေါ်မှာခေါင်းလေးမတ်ခနဲ။

"မနဲ့ပတ်သပ်တာမို့ကျွန်တော်သိနှင့်နေတာ...အဟင်း..."

အံ့သြသလိုဖြစ်နေသည့်ရီလျှမ်းကနောက်ဆက်တွဲရှောင်းကျန့်စကားကြောင့်သက်ပြင်းဖွဖွချသယောင်။ဝမ်လေးအ​ကြောင်းမောင့်ကိုပြောမပြထားသေးပဲသိနှင့်နေသည်လေ။

FOLLOW ME[Complete]Where stories live. Discover now