❦︎Unicode version❦︎
FOLLOW ME-15
.
.
.
.
.
"ချာတိတ်ကအိပ်တောင်အိပ်နေပြီလားကွာ..."ဆွဲဆွဲငင်ငင်ဦးငယ်စကားသံနဲ့အတူကုတင်တဖက်ခြမ်းကသိမ့်ခနဲ။ရှောင်းကျန့်ကိုကျောပေးထားရင်းအကြောက်လွန်နေသည့်ရိပေါ်မှာတော့မျက်လုံးလည်းမဖွင့်ရဲခြေချောင်းလေးတွေကုတ်လို့ငြိမ်ငြိမ်လေးပဲ။ဒီအချိန်မှာဦးငယ်အပေါ်ရိပေါ်ချစ်စိတ်ထက်ကြောက်စိတ်ကပိုလို့အားကောင်းနေသည်လေ။ဦးငယ်နဲ့မငြိစွန်းချင်သည့်အကြောင်းအရာတွေရိပေါ်မှာတစ်ခုထပ်ပိုရှိနေသည်မဟုတ်လား။
"အဟွန်း!..."
ခပ်စစဦးငယ်ရယ်သံ လည်တိုင်တဝိုက်တိုးနမ်းနေသည့်ဦးငယ်နှုတ်ခမ်းပါးကရိပေါ်ကိုကြက်သည်းမွှေးညင်းလေးများပင်ထစေသည်အထိ။အနားကိုပိုတိုးကပ်လာသည့်ဦးငယ်ခန္ဓာကြီးကြောင့်စိတ်လှုပ်ရှားတာရောကြောက်တာရောပေါင်းပြီးရိပေါ်လက်ကလေးတစ်ဖက်ကအိပ်ရာခင်းစကိုကျစ်ကျစ်စုတ်တယ်။
အိပ်နေတဲ့လူကိုတောင်အလွတ်မပေးချင်ဟန် ဦးငယ်အနမ်းတို့ကလည်တိုင်ကနေပုခုံးညအိပ်ဝတ်စုံလေးကိုတစတစဆွဲဆွဲချရင်းနမ်းလို့ရသမျှနေရာမှန်သမျှကိုအနမ်းနယ်ချဲ့နေသည့်ဦးကြောင့်ရိပေါ်ငိုချင်စိတ်ပေါက်လာရတယ်။အသံမထွက်မိအောင်ထိန်းထားပြန်တော့နှုတ်ခမ်းသားတို့ကိုမဖိကိုက်ပဲမနေနိုင်။
ချစ်တာထက်ပိုစွာသူ့ဘဝလေးညစ်ထေးသွားမှာရိပေါ်သိပ်ကြောက်ပါသည်။ဦးငယ်ကလည်းလူလွတ်မဟုတ်တဲ့အပြင်သူကလည်းအနှောင်အဖွဲ့ကင်းရှင်းနေသူမဟုတ်တော့သူတို့အချစ်ကတခြားသူတွေအပေါ်အပြစ်ဖြစ်သွားနိုင်သည်။အချစ်ဆိုတဲ့အဖြူရောင်ချည်နှောင်မှုလေးနဲ့တင်သူတင်းတိမ်နိုင်သလိုဦးငယ်ကိုလည်းရောင့်ရဲစေချင်ပါသည်။
"အင့်!..."
ရုတ်တရက်နားရွက်ဖျားကိုငုံစုတ်လိုက်သည့်ရှောင်းကျန့်ကြောင့်ရိပေါ်မှာမျက်လုံးမဖွင့်ပဲအင့်ခနဲ။လက်မောင်းကိုလက်တစ်ဖက်နဲ့ပွတ်သပ်နေရင်းအနည်းငယ်ကွာနေသည့်ခန္ဓာနှစ်ခုရဲ့အနေအထားကိုဦးငယ်ကနီးသထက်နီးကပ်စေလိုက်တော့ရိပေါ်ကျောပြင်နွေးခနဲ။တဆက်တည်းတင်ပါးကိုလာထိကပ်နေသည့်ဦးငယ်အရှေ့ပိုင်းကြောင့်အရိုင်းဆန်သည့်ထိုအထိတွေ့မှာရိပေါ်ချွေးပြန်ကာခန္ဓာသေးသေးလေးကတုန်ယင်စပြုတယ်။
YOU ARE READING
FOLLOW ME[Complete]
RomanceZSWW[Myanmar] XiaoZhan肖战 × WangYibo王一博 Noti:This story is Adultery type. About toxic hearts from love conservation. Holding my hand believe in doing.Don't worry,FOLLOW ME. OTP-ZHAN SHAN WEI WANG(ZhanYi) Story Genre-Fan Fiction [Read the tags and mak...