16.Following

8.9K 673 63
                                    

❦︎Unicode version❦︎

FOLLOW ME-16
.
.
.
.
.
Ring>>>

"ဦးငယ်!..."

တုန်ခါလာသည့်handphoneလေးကြောင့်ရိပေါ်အမြန်ထုတ်ကြည့်လိုက်မိတော့ဦးငယ်စီက။ရိပေါ်တို့ရောက်နေတာကရုပ်ရှင်ရုံဝမှာဖြစ်ပြီးမလှမ်းမကမ်းကစျေးဝယ်ကောင်တာမှာသူ့အတွက်မုန့်သွားဝယ်ပေးနေသည့်ဦးဦးပိုင်ရန်ကိုတချက်လှမ်းကြည့်ပြီးမှဖုန်းလက်ခံလိုက်ရတယ်။

"ဟယ်လို ဦးငယ်..."

[ချာတိတ်...ဘယ်မှာလဲ!...]

တဖက်ကဦးငယ်မေးလာပုံကခပ်ပြတ်ပြတ်နှင့်လေသံကတော့ညင်သာတယ်လည်းမဟုတ်မာထန်နေတာမျိုးလည်းမဟုတ်ပဲပကတိတည်တည်ငြိမ်ငြိမ်ပင်။

"ရုပ်ရှင်ရုံမှာ...ဘာလို့လဲဟင်..."

[ဘယ်ရုပ်ရှင်ရုံလဲ!...]

မဝံ့မရဲမေးမိသည့်အကြောင်းပြချက်ကိုကျော်လွန်လို့ဦးငယ်ကမေးခွန်းကြီးမေးနေခြင်း။

"_ _ _ _ _ Cinema..."

[သိပြီ!...]

သိပြီဆိုကာတီခနဲဖုန်းချသွားသည့်ဦးငယ်။ရိပေါ်မှာဖုန်းscreenလေးကိုငေးစိုက်ကြည့်ရင်းအတွေးပေါင်းစုံနဲ့သာကျန်ခဲ့ရတယ်။ဦးငယ်သူ့နောက်လိုက်လာမှာတော့မဟုတ်လောက်ပါဘူးနော်။

"ရိပေါ်!..."

ခေါ်သံနဲ့အတူရိပေါ်အနားရောက်လာသည့်ပိုင်ရန်။လက်နှစ်ဖက်မှာလည်းသရေဆာအမျိုးမျိုးအပြင်ရိပေါ်အတွက်ပေါက်ပေါက်ဗူးနဲ့Colaတွေဝယ်လာပေးသေးသည်။

"ကိုယ်တို့ဝင်ကြရအောင်လေ...ရုပ်ရှင်စတော့မလားမပြောတတ်ဘူး..."

"အာ...ဟုတ်ဦးဦး..."

မုန့်ထုတ်တွေတဖက်ဆွဲ ရိပေါ်လက်ကိုလည်းတဖက်ကဆွဲရင်းပိုင်ရန်ကရှေ့ကဦးဆောင်လို့ရုပ်ရှင်ရုံထဲလှမ်းတယ်။Dateလာလုပ်တယ်ဆိုတာထက်ပိုင်ရန်ပုံစံကမသိရင်ကလေးလာထိန်းနေရသလိုပဲ။

"ရိပေါ်အတွက်!..."

"အွန်း!..."

ထိုင်ခုံမှာနေရာယူပြီးတာနဲ့ပိုင်ရန်ကရိပေါ်လက်ထဲပေါက်ပေါက်ဗူးလေးထည့်ပေးလာတယ်။ရုပ်ရှင်မစသေးပေမဲ့အမှောင်ချထားပြီးသားခမ်းမထဲမှာမို့အမှောင်ကြောက်တတ်သည့်ရိပေါ်မှာတုံ့တုံ့မလှုပ်တဲ့အပြင်စကားဆိုတလုံးနှစ်လုံးထက်ပိုမပြောဖြစ်။နဘေးကသူအနေမကြပ်အောင်စကားတွေပြောပေးနေသည့်ဦးဦးပိုင်ရန်ကိုတော့အားနာမိသား။

FOLLOW ME[Complete]Where stories live. Discover now