ဒီနေ့ ဇွဲသက်လုံ တစ်ယောက် ဆိုင်မှ စောထွက်ကာ တူလေး ကို မူကြိုမှာ သွားကြို ဖို့ ပြင် လိုက်သည်။
ဟုတ်ပါတယ်..ကျနော့် နာမည် ဇွဲသက်လုံ လို့ခေါ်ပါတယ်..သူငယ်ချင်းအချို့ကတော့ သက်လုံ လို့ခေါ်ကြတယ်ဗျ....
တူလေး ဆိုတာကတော့ ကျနော့် အမရဲ့ သား ပေါ့..
သူ့အဖေနဲ့ အမေ ကတော့ လွန်ခဲ့တဲ့ ၃နှစ်က
ကား accident နဲ့ ဆုံးပါးသွား ခဲ့ပါပြီ ၊
ကျနော့်မှာ မိသားစု ဆို လို့ အမ တစ်ယောက်ပဲ ရှိတာပါ..အခုတော့ ကျနော့်ရဲ့ ချစ်လှစွာသော တူလေး ဇွဲ ပြည့် ပေါ့...၊
ကလေး ကို မိဘတွေ မရှိတော့တဲ့ နောက်ပိုင်း
ကျနော်ကပဲ အမရဲ့ ---- fashion ဆိုင်ကို ဆက်လက်လုပ် ကိုင်းရင်း တူလေးကို ကျွေးမွေး စောင့်ရှောက် လာတာ
အခုဆို ၅နှစ်အရွယ် မူကြို ကျောင်းသားလေး ဖစ်နေပါပြီ ။
---မူကြိုကျောင်း ရှေ့ ရောက်တာနဲ့ ကား ကို
ကျောင်းရှေ့မှာပဲ ရပ်ကာ တူလေး ရှိရာ အခန်းဆီသို့ ဇွဲသက်လုံ လျှောက်လှမ်း လာခဲ့ လိုက်သည်။
အတန်းချိန် မပြီးသေး၍ စာသင်ခန်းရှေ့မှာပဲ...
သက်လုံ ထိုင် စောင့် နေမိသည်။.....
အနီရောင် ပြိုင်ကား တစ်စီး ခမ်ကြမ်းကြမ်း မောင်းနှင် လာ သည်။...
ကားမောင်းသူမှာလည်း.... နေကာမျက်မှန် အနက်ရောင်နှင့် ဖြူဖွေးနေသော ဂုတ်တစ်လျှောက်မှာလဲ တတ်တူးများ နှင့်
ပါးစပ်မှာလဲ pk ကို ဝါး ကာ...ဆူညံစွာ ဖွင့်ထားသော သီချင်းသံ နှင့်အတူ ခေါင်းကို ငြိမ့်နေသည်။...
ဘေး ထိုင်ခုံပေါ်တွင်... ဘီယာဗူးခွံ များနှင့်
တစ်သောင်းတန် ပိုက်ဆံအုပ် ၃အုပ်...
နာမည်က ရှိုင်းဇာနည် တဲ့...
လိုချင်တာမှန်သမျှ လက်ညိုးထိုးတိုင်း အပိုင်ရစမြဲ ဖြစ်သည်။ မိခင် ဖြစ်သူ ၏ အလို လိုက်မှုကြောင့် ထင်ရာစိုင်းကာ ရမ်းကားနေသူ ဖြစ် သည်။..
အခုလဲ ငယ်သူငယ်ချင်းဖြစ်တဲ့ လင်းသွေး ဆီကို
ခန အလည် လာ ခြင်း ဖြစ် သည်။
သူငယ်ချင်း အိမ်က လမ်းကြားထဲ ဝင်ရတာ ဖြစ်ပြီး လမ်းက သိပ်မကျယ် ဒါအပြင် မူကြိုကျောင်းရယ် စျေးဆိုင်တွေရယ် ရှိနေတာကြောင့် ကား ပါကင်ထိုး ဖို့ နေရာ က ရှာရခက်သည်။
ရှိုင်းဇာ နည် လဲ လေဗာ တစ်ချက်နှင်းကာ မူကြိုကျောင်းဘေး အနည်းငယ် လွတ်တဲ့နေရာမှာပဲ ထား ဖို့ ဆုံး ဖြတ် လိုက်သည်။
YOU ARE READING
ဉပေက္ခာ နွံ
Romanceကိုယ်မေ့နေတဲ့ အကြောင်းအရာဟာ မောင် ပါလို့ တစ်နေ့မှာအေးအေးဆေးဆေး ပြောပြပါဉီးမယ် ကိုယ့်အိတ်ကပ်ထဲမှာလည်း ထုတ်မသုံးဖြစ်သေး တဲ့ ဉပေက္ခာတွေ ရှိတယ်...