EP2

78 4 0
                                    


ဇွဲသက်လုံ မနေ့က အကြောင်းအရာတွေကို
အခဲ မကြေ သေး ပါ...

ဆိုင်က ဝန်ထမ်း ကောင်မလေး နှစ်ယောက် ကို
မနေ့က အကြောင်းတွေ... ၊ဟိုကောင် ဘယ်လောက် မိုက်ရိုင်းကြောင်း တွေ ပြော နေ မိသည်။

ထိုအချိန် မိမိသူငယ်ချင်းမ လရောင်သွင် နှင့်အတူ အမျိုးသားတစ်ယောက် ဆိုင်ထဲသို့ ရောက်လာပါတော့သည်။
လရောင်သွင်နဲ့က ငယ်ငယ် ထဲက အိမ်နီးချင်းလဲ ဖြစ် ၊ အတန်းကလဲ အတူတူ၊ အသက်လည်း အတူတူ ဟိုးငယ်ငယ်လေးထဲက ပေါင်း လာတဲ့ သူငယ်ချင်း ဖြစ်သည်။
ကျနော် ရင်ဖွင့်စရာ စကားတွေ ကို လဲ
စိတ်ရှည်စွာ နား ထောင် ပေး တတ်သည်။

ကျနော့်မှာ ခင်တွယ်စရာ ဆိုလို့
တူလေးရယ် ၊ လရောင်သွင်ရယ် ၊ အိမ်အကူ ဒေါ်တူး ရယ် ပဲ ရှိသည်။

"ဟဲ့.... သက်လုံ မနေ့က ဘယ်လို တွေ ဖြစ်တာ လဲ..မနေ့ညက ဖုန်း ထဲ မှာ ပြောရဆိုရ အဆင်မပြေလို့ ငါ ဒီကို လိုက်လာတာ...ပြောပါအုန်း ဘယ်လို ဖစ်ကြတာလဲ... ”

"ပြော ပြ ပါ့မယ်... လာ ဟိုနားမှာ သွား ထိုင်ရအောင်...နှင်းပွင့် ကော်ဖီ နှစ်ခွက် ဖျော်လာခဲ့ ပေးနော်...”

ဆိုင်ဝန်ထမ်း ကောင်မလေးကို ပြောပြီးသည်နှင့်
သက်လုံ လည်း လရောင်သွင် တို့ကို ထိုင်ခုံတွေ ရှိရာဆီ ခေါ် လာ ခဲ့ လိုက် သည်။ ပြီးနောက်..

" ဒီ လို ဟာ...... မနေ့က ငါ့တူ ကို မူ ကြို မှာ သွားကြိုတာ ငါ့ကား ကို ကျောင်းရှေ့ မှာပဲ ရပ်ခဲ့တာ..
ငါ ပြန် ထွက် လာတော့ ငါ့ကား ရှေ့အဖုံးရယ် မီးခွက်တွေ ရယ် ပိန်ပြီး ပြုတ်ထွက်နေတယ်..
အ့တာနဲ့ ငါ့ကား ကို တိုက်တဲ့လူက တမင် တိုက်တယ်ဆိုတဲ့အကြောင်း မြင်တဲ့ ​မျက်မြင်သက်သေ
ဘယာကြော် ကုလား က လာ ပြော ပြတယ် ဟာ..”

"အေး အ့တာနဲ့ ဘာ ဆက်ဖြစ်လဲ.. ဘယ်ကောင်တိုက်တာလဲ နင့်ကား ကို”

" တိုက် တဲ့ အကောင်က ပြိုင်ကားအနီရောင် နဲ့ ဟ
လည်ပင်းမှာလဲ တတ်တူး ပါတယ် ။
ပါးစပ်ကလဲ pk ကို ဝါး လျက်ကြီး...
အရပ် လဲ အရှည်ကြီး အသက်က ငါ့ ထက်ငယ်မယ် ထင် တယ်ဟာ...ငါလည်း သူ့ကြောင့် ဖြစ်တဲ့
ကိစ္စကို တာဝန်ယူ ဖို့ သွား ပြော တာ ပေါ့..
ဒါကို အ့ကောင်က တာဝန်မယူတဲ့ အပြင် လူလည်ကောင်မှာ ငါ့ ကို ရစရာ မရှိအောင်တွေပါ ပြောတယ်..၊ ပြီးတော့ ငါ့ကို ပိုက်ဆံ အရမ်းလိုချင်နေပါတယ် ဆိုပြီး တစ်သောင်းတန် တအုပ် နဲ့ ပေါက် သွား တယ် ဟ.... ”

ဉပေက္ခာ နွံ Where stories live. Discover now