Ep7

43 4 0
                                    

လူကြားထဲကနေ သက်လုံတို့ရှိရာ နှင့်
သိပ်မဝေးသည့်နေရာတွင်... ရှိုင်းဇာနည် လက်ပိုက်ကာ သက်လုံကနေသည်ကို ရပ်ကြည့်နေမိသည်။... မျက်နှာမှာ မ ချိ ပြုံး ပြုံးကာ...
လက်ခုပ် ကို တစ်ချက်ချင်း ဖြည်းဖြည်း တီးကာ..

"ဖြောင်း....ဖြောင်း....ဖြောင်း....
လူပုံကိုကြည့်တော့ ရိုးပုံရိုးလက် နဲ့... လူမြင်ကွင်းကြီးမှာ က ဖို့တော့... အရှက်မရှိဘူး ဟက်...”

သက်လုံ မိမိနောက်က ထွက်လာတဲ့ အသံကြောင့်
နောက် ကို လှည့်ကြည့်လိုက်သည်။
မမြင်ချင် မတွေ့ချင်တဲ့ သူ က သူရှိရာ ရောက်ရောက်လာ လို စိတ်တိုသွားရပြန်သည်။
ထို့ကြောင့် ထိုလူနား သွားကာ...

"မင်း ဘာစကား ပြော တာလဲ ဟမ်... ငါဘာငါ ကချင်ကမယ် ခုန်ချင်ခုန်မယ် မင်းနဲ့ ဘာ ဆိုင်လဲ
သွား... ဒီနေရာကနေ ချက်ချင်း ထွက်သွား...!! ”

"ဟ....မင်းက ငါ့ကို ဘလိုင်းကြီး လာပြီး နှင်ထုတ်နေရအောင်... ဘာလဲ ဒီနေရာက မင်းပိုင်တာပဲလား...”

"မင်း...ဘာသဘောနဲ့  ငါ့နောက်ကနေ နောက်ယောင်ခံပြီး ရန်လိုက်စနေရတာလဲ... ”

"ဟားဟားဟား.....အဟက်... ငါကပဲ မင်းနောက်ကို နောက်ယောင်ခံ လိုက်ရတယ် ဖြစ်သေး...
ဟားဟား...ရီရလိုက်တာ..အဟင်း....မင်းနဲ့ငါနဲ့က
ရေစက်ပါလို့ ခနခန ဆုံတာလဲ မဖြစ်နိုင်ဘူးလား..
ဇွဲသက်လုံရဲ့...”

"မင်း...ငါ့နာမည်ကို ခေါ်စရာ ဘာအကြောင်းမှမရှိဘူး....ကြားရတာ... သန တယ်...”

သက်လုံ ခပ်ရွဲ့ရွဲ့ဖြင့် မိမိရှေ့ကလူအား ပြောကာ
တဖက်သို့ လှည့် လိုက်သည်။
ဒါကို ထိုသူက အားကုန်သုံးက မိမိလက်မောင်း နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဆွဲလှည့် လိုက်သည်။

"မင်း..ဘာစကားပြောတာလဲ ဟမ်...!
သ န တယ်ဆိုရအောင် ငါက ဘာဖြစ်နေလို့လဲ...
မင်းကရော ဘာကောင်မို့လို့လဲ... ”

သက်လုံ မိမိ ပခုံးပေါ်က ထိုသူ လက်နှစ်ကို
ဆွဲ ဖယ် လိုက်သည်။...

"ငါ့ကို မထိနဲ့.. ဖယ်... ”

"ဒီမှာ...ဇွဲသက်လုံ... မင်း ဒီလောက်မိုက်ရိုင်းမနေနဲ့
မင်းထက်ငါက အဆ ၁၀၀ ပိုရိုင်းတတ်တယ်..
အေး.. ငါပြန်ရိုင်းမှ ဒူးနဲ့ မျက်ရည် သုတ်နေရမယ်..”

ဉပေက္ခာ နွံ Where stories live. Discover now