စနေနေ့....
"သားရေ... ငဇွဲလေး... ထတော့ နော်...
ဉီးငယ်နဲ့ ဆိုင် လိုက်မယ် လို့ ညက ပြောထားတယ်မလား.... ဟမ်..ပုကျိလေး ထတော့...”သက်လုံ တစ်ယောက် ခြေထောက်က ခုတင် ခေါင်းရင်း ရောက်ပြီး ခေါင်းက ခြေရင်း ရောက်နေသော ချစ်လှစွာ သော တူလေးကို နိုးနေခြင်း ဖြစ်သည်။ ပုကျိလေးက အိပ်ယာမထချင်သေး သဖြင့်... အင်း... အဲ လုပ် နေ သည်။..
"ထတော့လို့ ငဇွဲလေး.. ..
၈နာရီ ထိုး နေပြီနော် ဉီးငယ် နောက်ကျနေပြီ
မထရင် သွား တော့မှာနော်... ဒေါ်တူး နဲ့ပဲ နေခဲ့ရလိမ့်မယ်...ကြားလား..ကောင်လေး...”ထိုအခုမှ အိပ်ချင်မူးတူးနဲ့ ကောင်လေးမှာ
ငေါက်ကနဲ ထ ထိုင် သည်။"လိုက်မယ်...ဝှိုင်း...”
"ဟားဟား...လာ..ဉီး ငယ် မျက်နှာ သစ် ပေးမယ်... အာရီဂူ..”
ဇွဲပြည့်လေးကို ချီကာ ရေချိုး ခန်း ထဲ ကို ဝင်လာလိုက်သည်။
ပြီးသည်နှင့် အဝတ်အစား လဲ ပေးခါ.. အောက်ထပ်ကို ဆင်း လာ ခဲ့ ကြ သည်။ထမင်းစားခန်း ထဲ ဝင် ဒေါ်တူးက မနက်စာ အရန်သင့် ပြင်ပေးထားသည် မို့ နှစ်ယောက်လုံး မနက်စာ စား ပြီးမှ ဆိုင်သို့ ထွက် လာ ကြ သည်။
ကားက ဝပ်လျှော့ မှာ အပ် ထားသည်မို့...
taxi ငှား ဖို့ လမ်းမ ကြီးပေါ်ထိ လျှောက်ရမည်။
အိမ်က လမ်းသွယ်တွေ ကြားမှာ ရှိပြီး လမ်းမကြီးနဲ့ အနည်းငယ် ဝေးသည်။ဇွဲ ပြည့် လေးရဲ့ လက် ကို ဆွဲ ကာ...လမ်းလျှောက် နေစဉ်... မိမိတို့ဘေးမှာ ကား တစ်စီး လာရပ်သည်မို့ သက်လုံ ဘေးကို လှည့် ကြည့်မိသည်။...
" သက်လုံ မလား... ဘယ်သွား မလို့လဲ...
ကိုယ် လိုက်ပို့ပေး ရမလား... ”"အာ...ကိုရဲခန့်ထင် ပဲ..ရပါတယ်ဗျ..ကျနော်တို့ taxi နဲ့ ပဲ သွား လိုက်ပါ့မယ်... ရတယ်ဗျ ရတယ်..
ဟီးဟီး..”ရဲခန်ထင် မိမိ၏ ကမ်းလှမ်း ချက်ကို အတင်းငြင်းနေသော ထို အကောင်ပေါက်လေးကို
အတင်းပင် ကားထဲကို ပွေ့ချီ လို ချင်စိတ် ပေါက်နေသည်။..."လာပါ...သက်လုံရယ်... ကလေးကိုလဲ ကြည့်အုန်း လမ်းလျှောက်ရတာ မော နေပြီထင်တယ်..
လိုက်ပို့ပါရစေကွာ..နော်.. သက်လုံပြောတော့..
လရောင်သွင်ကို ခင်သလို ခင်နိုင်ပါတယ် ဆို...
သက်လုံက ကိုယ်ခေါ်တာကို မလိုက်ရင် ကိုယ်စိတ်မကောင်း ဖြစ်မိမှာ...”
YOU ARE READING
ဉပေက္ခာ နွံ
Romanceကိုယ်မေ့နေတဲ့ အကြောင်းအရာဟာ မောင် ပါလို့ တစ်နေ့မှာအေးအေးဆေးဆေး ပြောပြပါဉီးမယ် ကိုယ့်အိတ်ကပ်ထဲမှာလည်း ထုတ်မသုံးဖြစ်သေး တဲ့ ဉပေက္ခာတွေ ရှိတယ်...