𝗦𝘄𝗲𝗮𝘁𝗲𝗿 𝗗𝗿𝗲𝗮𝗺𝘀

366 28 12
                                    

ဟယ်သာ​တွေ
ပြုစားတတ်သလား ငါတို့မသိဘူး
သူများပိုင်တာကို လုယူထားသလား
ငါတို့မသိဘူး
ဘယ်သူ့အ​ပေါ်ဘယ်လိုယုတ်မာထားသလဲလည်း ငါတို့မသိဘူး

ဒါ​ပေမဲ့ ငါတို့သိတာက​တော့
21ရာစုလူငယ်​တွေအတွက် ​
ကြောက်စရာအ​ကောင်းဆုံးဗီလိန်ဟာ
ဟယ်သာ​တွေဆိုတာပါပဲ...။

Heavy drama alert :3
__________________________________

Pragueရဲ့ လမ်းမ​တွေဟာ တစ်​ယောက်ထဲ ​လျှောက်တဲ့အခါ အကျည်းတန်သလိုခံစားရတယ် ဒါ​ပေမဲ့ ချန်း​ယောလ်က ဘယ်တုန်းကများ တစ်စုံတစ်​ယောက်လက်ကိုတွဲပြီး Pragueလမ်း​တွေ​လျှောက်ခဲ့ဘူးလို့လဲ? Pragueရဲတိုက်နားမှာ​နေတဲ့သူ​တွေအတွက် castle districtက ​လှေကားထစ်​ပေါင်း​သောင်း​ခြောက်​ထောင်က အထူးအဆန်းမဟုတ်​တော့​ပေမဲ့ အလိုလိုမှ Seoulပြန်​ပြေးချင်​နေတဲ့ နှလုံးသားကြီးကို သယ်ထားရတဲ့ ချန်း​ယောလ်အတွက်​တော့ ညည်းညူချင်စရာ...

သူ့လက်ကိုဆွဲပြီး ဒီ​လှေကား​တွေကို ​ပြေးတက်ရရင် ဘယ်​လောက်​တောင်များ​ကောင်းမလဲလို့လည်း ခပ်​ကြောင်​ကြောင်​တွေးမိ​သေးတာ...

သူကဖြင့် မိန်းမ​တောင်ယူ​တော့မယ်...။

စိတ်ကညစ်လာ​တော့ အ​တွေး​တွေလည်းခါးလိုက်တာဆိုတာ သကြား​တောင်ထည့်မနိုင်​​လောက်ဘူး သူ့အပြုံး​တွေထည့်ရင်​တော့ ချို​ကောင်းချိုနိုင်ပါတယ် ဒါ​ပေမဲ့ အဲ့ဒီ့အပြုံး​​တွေက ဗူးနဲ့အလုံပိတ် *ဟယ်သာမှလွဲ မဖွင့်ရ*လို့ စာကပ်ထားပြီး သူ့သတို့သမီး​လောင်းလက်ထဲ ​ရောက်​နေမှာသိပြန်​တော့ ​အောက်က ​လှေကားမျက်နှာပြင်ကိုပဲ ​ဆောင့်​ဆောင့်​အောင့်​အောင့် ဖိနင်းချလိုက်တယ်

ဝူရိဖန် အယုတ်တမာ...
ငါ့ကြိုက်​တော့ ဘာဖြစ်မှာမလို့လဲ!
ဒီည အိပ်မက်ထဲလာရဲလာကြည့်...​လေးပိုင်းပိုင်းပြီး ​ကော်ဖီနဲ့ တို့စားပစ်မယ်!

​ကော်ဖီဆိုမှ ​ကော်ဖီနံ့​မွှေး​မွှေး​လေးရလို့ တစ်​ယောက်ထဲ ဝူရိဖန်​ကြောင့် ​လောင်မြိုက်​နေရာက ​ဘေးကိုလှည့်ကြည့်လိုက်တယ်...စိတ်တိုတိုနဲ့ တက်လာတာ ​လှေကား​တွေ​တောင်ကုန်သွားလို့ စား​သောက်ဆိုင်​လေး​တွေ ​ကော်ဖီဆိုင်​လေး​တွေ ရှိတဲ့​နေရာ​ရောက်လာပြီပဲ...။

ဟယ်သာရှင်းတမ်းWhere stories live. Discover now