*but when you look in his eyes...do you think of mine..*
ဖုန်းသံလေးကြားလို့ ကောက်ကိုင်လိုက်တော့ မမလို့ထင်ရတဲ့ oveesea callတစ်ခု...မမက ဘာလို့ဖုန်းခေါ်ရတာပါလဲ?
"ဟယ်လို"
"ချန်းယောလ်...ဘေးမှာ ရိဖန်ရှိလား?"
"မရှိဘူး"
"ဘယ်ရောက်သွားလဲ?"
"ပြန်သွားပြီ"
"ဒုက္ခပဲ...နင်နဲ့အတူရှိတယ်ထင်လို့ လှမ်းဆက်လိုက်တာ...ဒီမှာပြသနာတက်နေပြီ သူ့ကိုလှမ်းဆက်သွယ်လို့မရဘူး"
"ဘာဖြစ်လို့လဲ?"
"သူ့အမေအတွက် စာထားခဲ့တယ်တဲ့...စာဖတ်ပြီး အန်တီဝူနှလုံးဖောက်ပြီး ဆေးရုံတင်ထားရတာ စိုးရိမ်ရတယ်တဲ့ ဝူရိဖန်တို့ကတော့ တကယ်တဇွတ်ထိုးပဲ"
ချန်းယောလ်ဘောင်းဘီကို ဆွဲဆုပ်ထားမိသည်...ဒီလိုဆိုရင် အင်း ချန်းယောလ်တို့ မြန်မြန်ခွဲရတော့မှာပဲ
"သူပြန်လာမယ်တော့ပြောသွားတယ် အခုတော့ပြန်သွားတယ် ဘယ်မှာနေလဲလည်း မမေးလိုက်ရဘူး"
"ခဏ...ဟယ်သာက နင်နဲ့ဖုန်းပြောချင်တယ်တဲ့"
"အင်းရတယ် ပေးလိုက်"
ဟယ်သာပြောလာမဲ့အရာတွေကို လက်ခံဖို့ ချန်းယောလ်စိတ်လျော့ထားလိုက်တယ်...သေချာတာကတော့ သတင်းကောင်းတွေဖြစ်မှာမဟုတ်ဘူးလေ ချန်းယောလ်က ဘယ်တုန်းကမှ သူ့အပေါ်မျှော်လင့်ချက်မထားခဲ့တာမလို့ အဆင်ပြေသွားမယ်ထင်တာပါပဲ...။
"ချန်းယောလ် ငါပါ..."
"အင်း"
"အခုငါပြောမှာကို သေချာနားထောင်ပါ...ဝူရိဖန်ပြန်လာဖို့လိုတယ် ချန်းယောလ်...အန်တီက အရေးပေါ်အခြေအနေဖြစ်နေတယ် ပြီးတော့ငါ့မိဘတွေလည်းသိကုန်ပြီမလို့ Papaက ဒီသတင်းmediaပေါ်တက်မသွားချင်ရင် အခုချက်ချင်းပြန်လာပြီး လာတောင်းပန်လို့ပြောနေတယ် ပြီးတော့ မင်္ဂလာပွဲကိုလည်းဆက်လုပ်ရမယ်တဲ့ သူ့ကိုငါပြောလို့မရတာ ငါသိတယ် အဲ့တာကြောင့်နင့်ကိုပဲပြောမယ်...နင်တို့ဆက်ဆံရေးက ဘယ်လောက်မရေရာပြီး အထိအခိုက်များမလဲဆိုတာကို နင်သိမှာပါ အဲ့တာကြောင့် အကျယ်အကျယ်တွေဖြစ်မကုန်ခင် သူ့ကိုပြန်လွှတ်လိုက်...နင်တို့နှစ်ယောက်က အတွေးလည်းမတူသလို ဘဝကိုအသက်ရှင်နေတဲ့ပုံလည်း မတူဘူး...နင့်မေမေကလည်း နင်တို့လုပ်နေတာတွေကို ရပ်စေချင်တယ်တဲ့ နင်နာကျင်ရမှာသိပေမဲ့ ဒီ့ထပ်ပိုမခံစားရခင် ရပ်လိုက်ပါတော့ ချန်းယောလ်...အဲ့ဒီ့အကုသိုလ်အတုံးအခဲကို နင့်လိုမျိုး ငါလည်းချစ်မိသွားတာမလို့ သူ့ကိုကာကွယ်ဖို့ငါလုပ်ရမယ် ချန်းယောလ်"
YOU ARE READING
ဟယ်သာရှင်းတမ်း
Fanfictionခံစားချက်တွေ လွဲတယ်ထင်ခဲ့တာ ကြယ်တွေနဲ့ ချီပြီး ဟယ်သာတွေ လွဲနေခဲ့ကြတာပဲ...။