𝗜 𝘄𝗶𝘀𝗵 𝘆𝗼𝘂 𝘄𝗲𝗿𝗲 𝗵𝗲𝗿𝗲 𝗼𝗿 𝗺𝗮𝘆𝗯𝗲 𝗴𝗮𝘆

146 19 11
                                    

Pragueကိုထွက်​ပြေးလာတာ အနားယူဖို့လို့ ဆုံးဖြတ်ထားခဲ့​ပေမဲ့ အိမ်မှာပဲထိုင်​နေရင် ဝူမျိုးရိုးကိုလွမ်းတဲ့ဒဏ်က ပိုဆိုးလာတာမလို့ ချန်း​ယောလ်အလုပ်ရှာထားတယ်​လေ...လူကုံထံ​တွေပဲတက်တဲ့ ကိုယ်ပိုင်​ကျောင်းတစ်​ကျောင်းမှာ ဂီတဆရာအ​နေနဲ့ ချန်း​ယောလ်အလုပ်ရတယ် ဘွဲ့လက်မှတ်ဘာညာ​တွေပါမလာ​ပေမဲ့ ကံ​ကောင်း​ထောက်မစွာနဲ့ နည်းပညာ​တွေ တိုးတက်​နေတဲ့​ခေတ်ကြီးမှာ ပညာ​ရေးအချက်အလက်​တွေ လှမ်းစစ်လို့ရ​နေတာမလို့ ချန်း​ယောလ်က Seoul National Universityထွက် ထူးချွန်​ကျောင်းသားတစ်​ယောက်ဆိုတာ သူတို့သိသွားတယ် အဲ့လိုနဲ့ပဲ အနုပညာဆရာ​ရာထူးကို လွယ်လွယ်ကူကူနဲ့ ရသွားပါတယ်

အစက အလုပ်ဝင်လုပ်ဖို့ အ​တွေးမရှိတာမလို့ အဝတ်အစား​တောင်​သေချာမပါ​တော့ ​ဈေးဝယ်ထွက်လိုက်ရ​သေးတယ်...ဆရာလုပ်ရတာက က​လေး​တွေနဲ့ အဆင်​ပြေတဲ့ချန်း​​ယောလ်အတွက် သိပ်မခက်ခဲပါဘူး ​ကျောင်းကလည်း international schoolဆို​တော့ အင်္ဂလိပ်လိုပဲ​ပြောရ​တော့ အရာအားလုံးက ​ချော​မွေ့ပါတယ်...။

"Mr.Park"

"ဪ...ဟုတ်ကဲ့ Mrs.Rolling"

​ကျောင်းရဲ့​ကျောင်းအုပ်က Marida Rollingတဲ့...Americanလူမျိုးဗျ czechနိုင်ငံသားမဟုတ်ဘူး အသက်​က လေးငါးဆယ်ပတ်ဝန်းကျင်​ပေမဲ့ သန်တုန်းမြန်တုန်း လှတုန်းပတုန်းပါပဲ...။

"Mr.Park ဂစ်တာတီးတတ်တယ်မလား?"

"ဟုတ်ကဲ့ တီးတတ်ပါတယ်"

"ဒါဆို တစ်ခု​လောက်အကူအညီ​တောင်းချင်လို့ပါ"

"ဟုတ်ကဲ့ ကျွန်​တော်တတ်နိုင်ရင် ကူညီ​ပေးပါ့မယ်ခင်ဗျ"

"က​လေးတစ်​ယောက်က ဂစ်တာတီးသင်ချင်တယ်တဲ့​လေ...privateတစ်​ယောက်ထဲ သင်ချင်တာတဲ့ က​လေးကမိန်းက​လေးပါ လိမ္မာပါတယ် အဲ့တာသင်​ပေးလို့ရမလားမသိဘူး?သင်တန်း​ကြေးလည်း သပ်သပ်ရမှာပါ"

"ရတာကရ​ပေမဲ့ က​လေးနဲ့ အရင်​တွေ့ကြည့်လို့ရမလားမသိဘူး"

"ရပါတယ် Jane​ရေ Grade 11က Anne Stanfordကို သွား​ခေါ်​ပေးပါဦး"

"ဟုတ်ကဲ့Mrs.Rolling"

ချန်း​ယောလ်အတွက် သင်​ပေးရတာ လွယ်​ပေမဲ့ သင်မဲ့က​လေးကို အရင်​တွေ့ပြီး ညှိလိုက်တာ ပို​ကောင်းမယ်လို့ ချန်း​ယောလ်ထင်တယ် တစ်ခုခုလုပ်တာ အဓိပ္ပါယ်ရှိမှ​ကောင်းမှာ​လေ ဥပမာ ချန်း​ယောလ် တူရိယာ​တွေတီးတာ ခံစားချက်​တွေ ​ဖော်ပြချင်လို့ဖြစ်ပြီး ၊ ကဗျာ​ရေးတာ သူ့ကိုမ​ပြောဖြစ်တဲ့စကား​တွေကို ထွက်​ပေါက်​ပေးချင်လို့ဖြစ်ပြီး ၊ ချည်​တွေထိုးတာ သူ့ကို​နွေး​ထွေး​စေချင်လို့ဖြစ်ပြီး...အင်း အဲ့ဒီ့လိုမျိုး​ပေါ့ ။

ဟယ်သာရှင်းတမ်းWhere stories live. Discover now