"Happy Birthday To You!!!"
"Happy Birthdayကလေး"
ချန်းယောလ်ချစ်တဲ့သူတွေနဲ့ အတူကျင်းပဖြစ်တဲ့ ချန်းယောလ်မွေးနေ့ပေါ့လေ...ကိုယ့်ကိုချစ်တဲ့သူတွေပဲ ဝန်းရံနေတဲ့ ခံစားချက်က သိပ်နွေးထွေးလို့ ချန်းယောလ်မျက်ရည်ဝဲနေမိသည် အချစ်ခံရတယ်ဆိုတာ ဒီလိုခံစားချက်မျိုးပေါ့ မွေးနေ့ကိတ်ပေါ်က ဖယောင်းတိုင်တွေကိုမှုတ်လိုက်ရင်း ချန်းယောလ်ချစ်ရတဲ့သူတွေနဲ့အတူ အမြဲအတူတူနေရဖို့ ဆုတောင်းလိုက်တယ်...။
"ချန်းယောလ်ကအခု34နှစ်ပြည့်သွားတာလား?"
"ဟုတ်တယ်ဆယ်ဟွန်းရေ 34သာပြောတာ ကိုယ့်ကိုအခုထိ ဂျစ်တိုက်တုန်းကွာ...မင်းသူငယ်ချင်းကို ဆုံးမလိုက်ပါဦး"
ဆယ်ဟွန်းဆိုတာ Pragueရောက်မှ ချန်းယောလ်ခင်တဲ့သူတွေထဲကပါ czechရောက် ကိုရီးယားနိုင်ငံသားတွေလုပ်တဲ့ ရန်ပုံငွေပွဲကို လုပ်အားသွားပေးရင် တွေ့ခဲ့တာပေါ့ တကယ်တော့ ဒီမှာထိုင်နေတဲ့ သူငယ်ချင်းတွေတိုင်းကတော့ pragueရောက်မှသိကြတဲ့သူတွေမဟုတ်ပါဘူး ဆိုးလ်မှာကတည်းကခင်ကြတဲ့ ဘတ်ခ်ဟျွန်းနဲ့ ဂယောင်ဆူးလည်းရောက်နေတယ်လေ...။
"အမယ် ကိုကိုဆိုးတာကျမပြောဘူး"
"ကိုယ်ဘယ်မှာဆိုးလို့လဲ?"
"ဆိုးတာပေါ့ တစ်ခုခုမပြောလိုက်နဲ့ ပြောတာနဲ့ကလေးကိုပါ ပြန်ပြီးစိတ်ကောက်တာလေ ကျွန်တော်လိုက်ချော့ရတဲ့ အရေအတွက်နဲ့ ကိုကိုချော့ရတဲ့အရေအတွက်နဲ့ ယှဥ်မလား?"
အရင်က မပြောရဲမဆိုရဲ မထိရဲမကိုင်ရဲ ချန်းယောလ်လေးမရှိတော့ပါဘူး မရှာပါနဲ့...တကယ်လေ ကိုကိုဆိုတာ ကလေးကြီး!သူလုပ်ချင်တာမှ သူလုပ်ချင်တာ!ချန်းယောလ်ကလည်း အဆင်မပြေလို့ လိုက်ပြောနဲ့ ခဏခဏစိတ်ကောက်ကြတာပေါ့...။
"ချန်းယောလ်!ရိဖန်ဟျောင်းန်ကိုပဲပြောမနေပါနဲ့ မင်းလည်းရန်ဖြစ်ပြီးရင် ငါတို့ကိုငိုသံကြီးနဲ့ ဖုန်းမဆက်ပါနဲ့တော့ တောင်းပန်ပါတယ်"
YOU ARE READING
ဟယ်သာရှင်းတမ်း
Fanfictionခံစားချက်တွေ လွဲတယ်ထင်ခဲ့တာ ကြယ်တွေနဲ့ ချီပြီး ဟယ်သာတွေ လွဲနေခဲ့ကြတာပဲ...။