Prologue - U/Z

3.8K 106 1
                                    

အာ့..င့ါခေါင်းနာလှချည်လား..!!

ဆူလိုက်တာကွာ!!

ဘယ်သူလာနာညည်းနေလဲ?ရိုင်းစိုင်းတဲ့ကောင်တွေ!!

သူ့ခေါင်းကိုစောင်နဲ့ပြန်အုပ်လိုက်ပြီးတစ်ဖက်ကိုပြန်လှည့်လိုက်သည်။

"ဝမ်ရယ်! ရှောင်ဝမ်ရယ်...နိုးလာပြီလား?"

တစ်ယောက်ယောက်ကစိတ်လှုပ်ရှားစွာပြောနေသံကြားလိုက်ရသည်။

**အိပ်နေတုန်းပဲ..လာမခေါ်နဲ့**

"ဝမ်ရယ်..နိုးလာပြီလား? ဝမ်ရယ်?"

**အိပ်နေတယ်..အိပ်နေတယ်လို့..**

"ဝမ်ရယ်နိုးလာပြီလား..ဝမ်ရယ်..? ဝမ်ရယ်..ရှောင်ဝမ်ရယ်..."

"မနိုးသေးဘူး..! မနိုးသေးဘူး!လာမအော်နေနဲ့တော့!"

သူမတက်နိုင်စွာစောင်ကိုခေါင်းကပြန်ဆွဲချကာအော်ဟစ်လိုက်သည်။

သူအော်တာအရာမရောက်တဲ့အပြင်ပိုတောင်ဆူညံလာ မယ်လို့သူဘယ်ထင်ခဲ့ပါ့မလဲ..။

"ရှောင်ဝမ်ရယ်..နိုးလာပြီ..! ရှောင်ဝမ်ရယ်နိုးလာပြီ!"

ဆူညံသံတွေကအခန်းထဲမှာပျံ့နှံ့သွားသည်။

ဘုရားရေ! ဘာလို့အဲလောက်ဆူညံနေတာလဲ! သူစိတ်တိုလာပြီးအော်လိုက်သည်

"အားလုံးတိတ်စမ်း!"

တစ်ခန်းလုံးတိတ်ဆိတ်သွားပြီးလူအားလုံးကသူ့ကို ကြောင်အစွာကြည့်နေသည်။

သေချာကြည့်ရင်တစ်ခန်းလုံးမှာ ကြီးကြီးငယ်ငယ် လူတစ်ဒါဇင်လောက်ရှိနေသည်။

"ရှောင်ဝမ်ရယ်..နောက်ဆုံးတော့သတိရလာပြီပေါ့..!"

အစေခံအိုတစ်ယောက်ကစိတ်လှုပ်ရှားစွာမြည်တမ်း လိုက်ပြီးသူ့အိပ်ရာနားကိုရောက်လာပြီးမျက်ရည်တွေ နှင့် ပြောလိုက်သည်

"ဝမ်ရယ်သေသွားရင်..ကျွန်တော်မျိုးအရင်ဘုရင်ကြီးကိုဘယ်လိုမျက်နှာပြရတော့မှာလဲ....ဒီအစေခံအိုအသုံး မကျပါဘူး.. ဝမ်ရယ်လေးကိုကောင်းကောင်း မစောင့်ရှောက်နိုင်ခဲ့ဘူး.."

ရှောင်ဝမ်ရယ်ကိုသူ့ကိုကြည့်လိုက်ပြီး

"မင်းဘယ်သူလဲ?"

BL-My Wangfei is a ManWhere stories live. Discover now