Chapter 10-12 (U)

543 16 0
                                    

Chapter10

နှစ်လကြာပြီးနောက်..ကျင်းဝမ်အိမ်တော်မှာညလယ် ခေါင်ကြီး

"အို့.အို့..အား...နာတယ်..နာတယ်..နာပါတယ်ဆို.နာတယ်....အားးး.."

ကျင်ဝမ်အိမ်တော်ရဲ့ အဓိကအဆောင်ဆီက အော်သံ ကတိတ်ဆိတ်တဲ့ညကိုတုန်လှုပ်သွားစေခဲ့သည်။ အော်သံကဆက်တိုက်အဆက်မပြတ်ထွက်နေသည်...

တုန်းဖန်းဟောင်ရယ်ကအသံတွေအက်ရှတဲ့ထိကိုအော် နေပေမယ့် ဒေါသတကြီးနဲ့မိန်းမကတော့ငဲ့ညှာမှု နည်းနည်းတောင်မှမပြ။ ရှောင်ဝမ်ရယ်ကတော့သူအော် တာမလုံလောက်သေးလို့လားလို့သူ့ကိုယ်သူသံသယ ဖြစ်လာသည်။

"နာတယ်..? နာတယ်ဆိုတာဘာလဲနင်သိသေးလား? နင့်မျက်နှာနာလား? အရမ်းနာနေတယ်ပေ့ါ?"

"ဟင့်ဟင့်..နာတယ်..အမေ..အဲဒါတကယ်နာတယ်.... ဟင့်ဟင့်..."

မျက်ရည်တွေနဲ့ရှောင်ဝမ်ရယ်က အိပ်ရာပေါ် တစ်ဝက် အိပ်ရာအောက်တစ်ဝက်နဲ့ခန္ဓာကိုယ်ကို ကိုင်းထားပြီး သူ့ခေါင်းကိုလှည့်ကာ သူ့နားရွက်ကိုဆွဲနေသော အညှာ အတာမဲ့သောမိန်းမကိုပြန်ကြည့်နေသည်။

"အသုံးမကျတဲ့ကောင်လေး! အမေကနင့်ကိုနာအောင် လုပ်မလား? ငါ့နားလဲကွဲတော့မယ်!"

မယ်တော်မိဘုရားကြီးရဲ့နူးညံ့တဲ့လက်တွေကရှောင်ဝမ် ရယ်နဖူးတွေကိုရိုက်ကာပြောလိုက်သည်။

သူကအသာရှောင်လိုက်ကာမသိနားမလည်ပုံဖမ်းထားပြီး တုန်းဖန်းဟောင်ရယ်ကသူ့ရှေ့ကကျက်သရေရှိ ပြီး အရှိန်အဝါကြီးသောအမျိုးသမီးကိုကြည့်ကာ ဝမ်းနည်း နေသည်။

ဟင့်ဟင့်....ဘာလို့သူသိသမျှလှပတဲ့မိန်းမအားလုံးက ဒေါသကြီးကြတာလဲ?

သူ့မရီးရော..ရှုလျန်အာရော..ဒါပေမယ့်အခုသူ့အမေကပါဘာလို့အဲလိုဖြစ်နေတာလဲ? သူ့အမေကနှစ်ပေါင်း များစွာတရားထိုင်ဘုရားရှစ်ခိုးလုပ်နေတာကြောင့် သူမအတွင်းစိတ်တွေကလဲတည်ငြိမ်သွားမယ်ထင်တာ.. ဒါပေမယ့်သူမဘာလို့တကယ်မပြောင်းလဲသေးတာလဲ?

အိုး..မြစ်တွေတောင်တွေကအလွယ်တကူပြောင်းလဲနိုင် ပေမယ့်လူတွေကပြောင်းလဲဖို့မလွယ်ဘူးမှတ်လား

You've reached the end of published parts.

⏰ Last updated: Apr 12 ⏰

Add this story to your Library to get notified about new parts!

BL-My Wangfei is a ManWhere stories live. Discover now