Chapter7
"ဝေါ့..."
တုန်းဖန်းဟောင်ရယ်ကလှည်းအပြင်မှာအန်နေပြီး ပေထန်ယောင်ယွဲ့ ကသူ့နောက်ကျောတွေကို ပွတ်ပေးပြီး
"တကယ်ပဲလှည်းမူးတက်မှန်းသိရဲ့သားနဲ့ဘာလို့လှည်းနဲ့ပြန်လာတာလဲ..မြင်းနဲ့ပြန်ရင်တောင်ပိုမြန်အုန်းမယ်.."
ရှောင်ဝမ်ရယ်ကသူ့ကိုခရီးတစ်လျှောက်လုံးမှီထား ရသည်။ရှောင်တုန်းကသူ့ကိုရေကမ်းပေးသည်။
ရှောင်ဝမ်ရယ်ရဲ့မျက်ရည်တွေပြည့်နေတဲ့မျက်ဝန်းတွေ က ပေထန်ယောင်ယွဲ့ ကိုကြည့်ရင်းသူ့ရင်ထဲမှာတော့ တိတ်တဆိတ်ပြန်ပြောနေသည်။ သူ့စိတ်ကိုဘာလို့ နားမလည်ပေးတာလဲ...သူအိမ်တော်ကိုနောက်ကျမှ ရောက်ချင်လို့မဟုတ်ဘူး..သူ့ပေါင်တွေပေါ်မှာလှဲချင် လို့ကို..။ ဒီခရီးကမိုင်ဒါဇင်ပေါင်းများစွာကြာပြီး၃ကြိမ် တောင်အန်လိမ့်မယ်လို့သူလဲဘယ်သိပ့ါမလဲ...
"ယောင်ယွဲ့ကိုယ့်ကိုမဖက်ထားတော့ဘူးလား..."
ပေထန်ယောင်ယွဲ့ စိတ်တိုနေသံဖြင့်
"တိတ်စမ်း!"
ရှောင်ဝမ်ရယ်ကအားနည်းစွာပြန်ထရပ်လိုက်ပြီးလှည်း ပေါ်တက်လိုက်ကာ
"ကိုယ်တို့မြင်းစီးရင်ပိုမြန်မယ်ဆိုတာသိပါတယ်... နောက်ပြီးယွမ်ချူကလဲအရမ်းမြန်တယ်..ဒါပေမယ့် ကိုယ်တို့ အိမ်ကိုအလျင်စလိုပြန်ဖို့မှမလိုဘဲ"
"မင်းကနွေရာသီစံအိမ်မှာပဲနေပြီးမပြန်ချင်ဘူးလား?"
"ဒီလိုလဲမဟုတ်ပါဘူး"
ရှောင်ဝမ်ရယ်ကသူ့ကိုဖက်ကာခေါင်းတွေကိုရင်ဘတ် ဆီကပ်ဝင်လိုက်ရင်း
"အိမ်တော်မှာကိစ္စတွေများတယ်..စိတ်ညစ်စရာကြီး.. အခြားနေရာမှာမင်းနဲ့နေရတာပိုပြီးသက်တောင့်သက် သာရှိတယ်..."
ပေထန်ယောင်ယွဲ့ ကသူ့ကိုတွန်းကာ
"အတင်းလာမဖက်နဲ့"
"ဘာဖြစ်လို့လဲ?"
ပေထန်ယောင်ယွဲ့ ကမျက်စောင်းခဲလိုက်ပြီး
"မင်းထပ်လာဖက်ရင်..ငါမင်းကိုလွှင့်ပစ်လိုက်မယ်...."
ရှောင်ဝမ်ရယ်ကစပ်ဖြဲဖြဲလုပ်လိုက်ရင်း
YOU ARE READING
BL-My Wangfei is a Man
Historical Fiction*** Please note no copyright infringement is intended, and I do not own nor claim to own this novel. The original novel/content belongs to its rightful author.If you are the original author and would like to remove the content in this site, please d...