Chapter 1-3 (U)

1.7K 53 0
                                    

Chapter1

"မင်းနာမည်ဘာလဲ?"

အထပ်ထပ်စစ်ဆေး၊မေးမြန်း၊ရှာဖွေပြီးတဲ့နောက်မှာတော့သမားတော်ပြောတဲ့ရောဂါကရှောင်ဝမ်ရယ်ကကြာကန် ထဲပြုတ်ကျကာထိတ်လန့်သွားပြီးယာယီအတိတ်မေ့ သွားတယ်..ဟူ၍ဖြစ်သည်။

ဒီအချိန်မှာရှောင်ဝမ်ရယ်ကတော့ဘာမှမမှတ်မိပါ။ သူ ဆန် ပြုတ်သောက်တုန်းသူကသူ့နားကအစေခံကို ဘယ်သူလဲလို့မေးလိုက်သည်။

"ဝမ်ရယ်..ဒီအစေခံကရှောင်တုန်းပါ...ရှောင်တုန်းက ဝမ် ရယ်ငယ်စဉ်ထဲကခစားခဲ့တာပါ.."

ရှောင်တုန်းကခုပဲငိုချလိုက်တော့မလိုမျက်လုံးတွေမျက် ရည်တွေပြည့်ကာနီရဲနေသည်။

"ရပြီ..ရပြီ...ငါမင်းနာမည်မမှတ်တာလေးကို..ငါကမင်းကိုရှောင်တုန်းလား..ရှောင်ဇီလားဘယ်လိုမှတ်မိမှာလဲ?"

ရှောင်ဝမ်ရယ်ကစိတ်မရှည်စွာပြောလိုက်သည်။

သူလျူဘိုဆီကသိရတာသူ့နာမည်ကတုန်းဖန်းဟောင် ရယ်..ဝမ်နိုင်ငံရဲ့၆ယောက်မြောက်မင်းသား၊အရင်ဘုရင် ကြီးနဲ့လက်ရှိမိဘုရားခေါင်ကြီးရဲ့အချစ်ဆုံးသားတော် ဖြစ်သည်။ သူကနိုင်ငံအချစ်တော်မင်းသားလဲဖြစ်ပြီးသူ့ ဘွဲ့နာမည်ကကျင်းချင်းဝမ်ဖြစ်သည်။

ရှောင်တုန်းက...

"ဝမ်ရယ်..ကျွန်တော်မျိုးကတော့ ဆောင်းရာသီဆိုတဲ့ တုန်းထန်းက တုန်းပါ... အရှေ့ဖက်ဆိုတဲ့ တုန်းမဟုတ်ပါ ဘူး.."

တုန်းဖန်းဟောင်ရယ်က အလေးမထားစွာခေါင်းညိတ် လိုက်ပြီး လက်ကျန်ဆန်ပြုတ်ခွက်လေးကိုမော့သောက် လိုက်ကာ

"နောက်တစ်ခွက်"

မျက်ရည်စက်လက်နဲ့ရှောင်တုန်းကသူ့ကိုအမြန်နောက်တစ်ပွဲပြင်ပေးရန်အမြန်ထွက်သွားလိုက်သည်။

တုန်းဖန်းဟောင်ရယ်ကအိပ်ရာပေါ်မှာလဲှနေရင်းနာနေတဲ့သူ့ခေါင်းကိုဖွဖွပွတ်နေသည်။ သူ့စိတ်ထဲမှာအားလုံး ဗလာပဲ။ ဒါပေမယ့်ထူးဆန်းစွာပဲဘာမှမမှတ်မိနေပေမယ့် သူကစိတ်မသက်မသာဖြစ်တာမျိုးမရှိနေ။ တဖက်က ကြည့်ရင်စိတ်ကပိုတောင် အေးချမ်းသေးသည်။ ဒီအိမ် ကို တော့သူ့စိတ်ထဲမှာရင်းနှီးနေပြီးဒါသူအမြဲနေခဲ့တဲ့ နေရာဖြစ်မည်။

BL-My Wangfei is a ManWhere stories live. Discover now