ငါအဆုံးထိသွားကြည့်ပြီးပြီ
မင်းပါမလာဘူး
မင်းပါမလာတော့
ငါကပျော်ရွှင်ခြင်းကိုအစရှာမရဘူး။တကယ်က မင်းကိုဆုံးရှုံးမှာထက်
ငါ့ကိုယ်ငါဆုံးရှုံးမှာကိုပိုကြောက်မိတာ
မင်းနဲ့မှလွဲရင် ဘယ်သူနဲ့မှ
ထပ်မတိုးတော့မှာကိုအစိုးရိမ်လွန်နေတာ။အနာဂတ်အိမ်လေးကို
တံခါးခေါက်တော့ ထူးသံမကြားဘူး
သော့တံဟာ ငါ့လက်ထဲမှာ
ငါ့အိမ်ပါ ... အထူးသဖြင့်
ငါတစ်ယောက်တည်းနေတဲ့အိမ်။ဆောင်းထူတော့ မီးလင်းဖိုနားမှာ
ခွေခွေလေးထိုင်
အနာဂတ်အိမ်ထဲမှာ မင်းမရှိဘူး
ချစ်ခြင်းမေတ္တာတွေမရှိဘူး
ခွေးလေးတွေ ကြောင်လေးတွေမရှိဘူး
ငါတစ်ယောက်တည်းလက်မှိုင်ကျ
ငါ့မှာ ပျော်ရွှင်ခြင်းတွေလည်းမရှိတော့ဘူး။ ။#Meldian
ငါအဆံုးထိသြားၾကၫ့္ၿပီးၿပီ
မင္းပါမလာဘူး
မင္းပါမလာေတာ့
ငါကေပ်ာ္ရႊင္ျခင္းကိုအစရွာမရဘူး။တကယ္က မင္းကိုဆံုးရႈံးမွာထက္
ငါ့ကိုယ္ငါဆံုးရႈံးမွာကိုပိုေၾကာက္မိတာ
မင္းနဲ႔မွလြဲရင္ ဘယ္သူနဲ႔မွ
ထပ္မတိုးေတာ့မွာကိုအစိုးရိမ္လြန္ေနတာ။အနာဂတ္အိမ္ေလးကို
တံခါးေခါက္ေတာ့ ထူးသံမၾကားဘူး
ေသာ့တံဟာ ငါ့လက္ထဲမွာ
ငါ့အိမ္ပါ ... အထူးသျဖင့္
ငါတစ္ေယာက္တည္းေနတဲ့အိမ္။ေဆာင္းထူေတာ့ မီးလင္းဖိုနားမွာ
ေခြေခြေလးထိုင္
အနာဂတ္အိမ္ထဲမွာ မင္းမရိွဘူး
ခ်စ္ျခင္းေမတၲာေတြမရိွဘူး
ေခြးေလးေတြ ေၾကာင္ေလးေတြမရိွဘူး
ငါတစ္ေယာက္တည္းလက္မိႈင္က်
ငါ့မွာ ေပ်ာ္ရႊင္ျခင္းေတြလည္းမရိွေတာ့ဘူး။ ။#Meldian
YOU ARE READING
ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာ
Poetryငါသာ ချစ်တယ် မပြောခဲ့ရင် အဲ့ဒီလိပ်ပြာဟာ အခုချိန်ငါ့နားရှိရင်လည်း ရှိနေဦးမှာပေါ့ ... ။ ငါသာ ခ်စ္တယ္ မေျပာခဲ့ရင္ အဲ့ဒီလိပ္ျပာဟာ အခုခ်ိန္ငါ့နားရိွရင္လည္း ရိွေနဦးမွာေပါ့ ... ။