119

245 20 0
                                    

ချစ်ခဲ့ပြီးမှ
____________

နွေအကုန် မိုးအကူး
သံစဉ်တွေဝေကာမှ
ဝေးခဲ့ရတယ်။

ရထားသံလမ်းတွေ၊ အိမ်တွေ၊
အနာတရတွေ၊ အစုတ်အပြတ်တွေ၊

ကိုယ်တိုင်ချနင်းလိုက်ရတဲ့မာနတွေ၊
ငါ့ကိုယ်ငါ အမွမ်းတင်ခဲ့ပြီးမှ
ငါ့ကိုယ်ငါ ဒူးထောက်လိုက်ရတဲ့အခိုက်အတန့်တွေ။

ဒါတွေမင်းနားမလည်ပါဘူး လို့ပြောပြီး
ငါကိုယ်တိုင်လည်း နားမလည်ခဲ့တဲ့ဆည်းဆာတွေ။

အတ္တတွေဒီလောက်များပါရက်နဲ့
ငါဟာ မင်းကိုရအောင်လွှတ်ပေးခဲ့မိတယ်။

ချစ်ခဲ့ပြီးမှလေ။

#Meldian
#1Sep2021

*****

ခ်စ္ခဲ့ၿပီးမွ
____________

ေနြအကုန္ မိုးအကူး
သံစဉ္ေတြေဝကာမွ
ေဝးခဲ့ရတယ္။

ရထားသံလမ္းေတြ၊ အိမ္ေတြ၊
အနာတရေတြ၊ အစုတ္အျပတ္ေတြ၊

ကိုယ္တိုင္ခ်နင္းလိုက္ရတဲ့မာနေတြ၊
ငါ့ကိုယ္ငါ အမြမ္းတင္ခဲ့ၿပီးမွ
ငါ့ကိုယ္ငါ ဒူးေထာက္လိုက္ရတဲ့အခိုက္အတန႔္ေတြ။

ဒါေတြမင္းနားမလည္ပါဘူး လို႔ေျပာၿပီး
ငါကိုယ္တိုင္လည္း နားမလည္ခဲ့တဲ့ဆည္းဆာေတြ။

အတၲေတြဒီေလာက္မ်ားပါရက္နဲ႔
ငါဟာ မင္းကိုရေအာင္လႊတ္ေပးခဲ့မိတယ္။

ခ်စ္ခဲ့ၿပီးမွေလ။

#Meldian
#1Sep2021

ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာWhere stories live. Discover now