ဒဏ်ရာကိုအလူးအလဲပြနေကြတဲ့ လူတွေကြားထဲ
ငါက ငါ့ဒဏ်ရာကိုအသာလေး
ဖွက်ထားလိုက်တယ်။ငိုပြရင် "ဘာမှမဟုတ်တာကိုလာငိုနေတယ်" ဆိုတဲ့
လှောင်ရယ်သံတွေကြားထဲ
ငါက ငါ့ဒဏ်ရာကို
ဖန်ဘောင်ထဲသိမ်းပြီး ချောင်မှာထိုးထားရတယ်။ဒီလူတော့ ငါ့အနားရှိမှာပါ လို့ထင်ခဲ့ပြီး
ဒီလူက ငါ့အနားမရှိတဲ့အခါ
ငါက တစ်ယောက်တည်းဆိုတာ
ပိုသေချာသွားတယ်။ငါတို့ကသာ အထင်မှားနေတာပါ
ငါတို့ဟာ တစ်ယောက်တည်းမွေးလာပြီး
တစ်ယောက်တည်းသေရမှာ။ငါတို့အတွက် ဆိုတဲ့ဖြစ်တည်မှုတွေက
တကယ်တော့ ပုံရိပ်ယောင်တွေ။
ဒီအချင်းအရာကို ငါတို့ရဲ့အရင်းနှီးဆုံးလူတွေက
ငါတို့ဘက်မရပ်တည်တဲ့အခါမှာ
ကွဲကွဲပြားပြားသိလာမှာပါ။ ။#6June2021
*****
ဒဏ္ရာကိုအလူးအလဲျပေနၾကတဲ့ လူေတြၾကားထဲ
ငါက ငါ့ဒဏ္ရာကိုအသာေလး
ဖြက္ထားလိုက္တယ္။ငိုျပရင္ "ဘာမွမဟုတ္တာကိုလာငိုေနတယ္" ဆိုတဲ့
ေလွာင္ရယ္သံေတြၾကားထဲ
ငါက ငါ့ဒဏ္ရာကို
ဖန္ေဘာင္ထဲသိမ္းၿပီး ေခ်ာင္မွာထိုးထားရတယ္။ဒီလူေတာ့ ငါ့အနားရိွမွာပါ လို႔ထင္ခဲ့ၿပီး
ဒီလူက ငါ့အနားမရိွတဲ့အခါ
ငါက တစ္ေယာက္တည္းဆိုတာ
ပိုေသခ်ာသြားတယ္။ငါတို႔ကသာ အထင္မွားေနတာပါ
ငါတို႔ဟာ တစ္ေယာက္တည္းေမြးလာၿပီး
တစ္ေယာက္တည္းေသရမွာ။ငါတို႔အတြက္ ဆိုတဲ့ျဖစ္တည္မႈေတြက
တကယ္ေတာ့ ပံုရိပ္ေယာင္ေတြ။
ဒီအခ်င္းအရာကို ငါတို႔ရဲ့အရင္းႏွီးဆံုးလူေတြက
ငါတို႔ဘက္မရပ္တည္တဲ့အခါမွာ
ကြဲကြဲျပားျပားသိလာမွာပါ။ ။#6June2021
YOU ARE READING
ချစ်တယ်ပြောမှထပျံသွားတဲ့ လိပ်ပြာ
Poetryငါသာ ချစ်တယ် မပြောခဲ့ရင် အဲ့ဒီလိပ်ပြာဟာ အခုချိန်ငါ့နားရှိရင်လည်း ရှိနေဦးမှာပေါ့ ... ။ ငါသာ ခ်စ္တယ္ မေျပာခဲ့ရင္ အဲ့ဒီလိပ္ျပာဟာ အခုခ်ိန္ငါ့နားရိွရင္လည္း ရိွေနဦးမွာေပါ့ ... ။