MTF_3

503 93 4
                                    


(Unicode)

ညနေထဲက Ning Ning‌တို့ အိမ်ကိုသွားတာ မားတို့ညီအစ်မချင်း စကားတွေပြောနေတာနဲ့  အခုမှအိမ်ပြန်ရောက်တယ်။
အခန်းထဲကနာရီကိုကြည့်တော့ 8:30pm

ရေချိုးပြီး ကုတင်ပေါ်တက်ဖို့ပြင်နေချိန်
စာအုပ်တွေပုံ‌ေနတဲ့ စာကြည့်စားပွဲက စာလုပ်ဦးလေလို့ သတိပေးနေပေမယ့် မသိချင်ယောင်ဆောင်ကာ လူကတော့ အိပ်ဖို့ပြင် ပါတော့သည်

"ဆရာက စာမေးမှာမှ မဟုတ်တာ မနက်ကျမှ jisung ဆီကမေးတော့မယ်။"

သူတို့ သူငယ်ချင်းသုံးယောက်ထဲတွင် jisungကစာအတော်ဆုံးဟု ပြောရမည်။ အထက်တန်း‌တုန်းကလည်း အမှတ်တွေအများကြီးရပေမဲ့ chenleတို့နဲ့ပဲ တက္ကသိုလ်လိုက်တက်တယ်၊

စာမလုပ်ဆုံးကတော့ shotaroပင် Gameဆော့နေရရင် ထမင်းမေ့ ဟင်းမေ့ စာပါမေ့ သည့်အထိ ပင် တက္ကသိုလ်ရောက်ပီမို့ မိဘတွေကအရမ်းမပြောတော့ပေမဲ့ ကျောင်းတုန်းကဆို Gameကြောင့်  အိမ်နဲ့ပြဿနာ အမြဲဖြစ်လို့ jisungတို့အိမ်နဲ့ chenleတို့အိမ်မှာအိပ်ခဲ့ရသောညပေါင်းမနည်း အထက်တန်းနောက်ဆုံးနှစ်ကလည်း စာမလုပ်ဘဲ Gameဆော့နေတဲ့အကျိုးကျေးဇူးကြောင့် တစ်နှစ်ကျလို့ jisung နဲ့ chenleကို စီနီယာခေါ်နေရခြင်းဖစ်သည်

ဒါတောင် တက္ကသိုလ်မှာ e sport မေဂျာကိုယူထားသေးသည်။ မေဂျာရွေးတုန်းကလည်းသူအိမ်နဲ့ ပြဿနာဖြစ်လို့ chenleနဲ့jisungပဲလိုက်ပြောပေးရသည်။ သူ့အိမ်က jisungတို့နှစ်ယောက်လိုပဲ Business majorယူစေချင်တာ အ့တာမှ သူတို့ companyကို လက်လွှဲယူနိုင်မှာမလား၊

သူတို့သုံးယောက်လိုပဲ မိဘများကလည်း စီပွားရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်သည်။ စီပွားရေးအရလည်း ရေလျှံ ရုပ်လေးတွေကလည်း မဆိုးတော့ အစကသူတို့ကိုကပ်တဲ့ မိန်းကလေးတွေများပေမဲ့ shotaroက Gameကလွဲရင် စိတ်မဝင်စား၊chenleကသူ့ဘာသာ နေတတ်ပြီး မာနကြီးသည့်ပုံစံပေါက်တာကြောင့် သိပ်မကပ်ရဲ သို့သော်လည်း Jisungမှာမူ သဘောမနောကောင်းပြီး စကားလုံးလေးတွေနဲ့ ချွေလိုက် အထာလေးတွေပေးလိုက် လုပ်တတ်‌တာကြောင့် Jisungကိုစိတိဝင်စားသူများသည်

jisungကလည်း ရည်းစားတစ်ယောက်ထားရင် ရေသောက်သလောက်တောင်မကြာတဲ့ အမျိုး ၊တစ်ယောက် တွဲလိုက်ပြတ်လိုက်နဲ့ ၊ သူနဲ့မတွဲဖူးတဲ့ လူတောင်တော်တော် ရှားပြီဖြစ်သည်

✓𝙼𝙾𝚁𝙴 𝚃𝙷𝙰𝙽 𝙵𝚁𝙸𝙴𝙽𝙳✓ Where stories live. Discover now