MTF_15

729 71 10
                                    

(Unicode)

အမြဲတမ်း စောစောထ တတ်တဲ့ အကျင့်ကြောင့် Jisung ပင်ပန်းနေတာတောင် စောစောနှိုးပြန်သည် ။
ကျင်နေတဲ့ လက်တစ်ဖက်ကြောင့် မျက်လုံးဖွင့်ပြီးကြည့်လိုက်တော့ သူ့လက်ကိုခေါင်းအုံးလုပ်ကာ အိပ်နေတဲ့ Chenle
သူ့လက်ပေါ်ကခေါင်းလေးကို ‌ဖယ်ပြီး ခေါင်းအုံးပေါ်တင်တော့ Chenleဆီမှ ညည်းသံသဲ့သဲ့ ထွက်လာသည်။

"အင်း~ဟင်း~Ji~sung~"

Chenle ယောင်သံကြောင့် Jisung မျက်နှာတစ်ခုလုံးပူတက်သွားသည်။

နေပါဦး ငါက ဘာကိစ္စရှက်နေတာလဲ။

Chenle နှဖူးလေးကို ဖွဖွလေး နမ်းပြီး Jisungပြုံးလိုက်သည်။ Chenleမျက်နှာမှ အစိတ်အပိုင်း တိုင်းကို သေသေချာကြည့်ကာ လက်နဲ့လိုက်ထိုးကြည့်လိုက်တော့ ဆူလာတဲ့ နှုတ်ခမ်းလေးကို အသည်းယားရပြန်သည်။
Zhong Chenleဆိုသည်မှာ ကျနော့်ကိုအမျိုးမျိုးပြုစားနေတော့တာပဲ ။

လည်ပင်းနဲ့ ပုခုံးနားက ကျနော့်လက်ချက်ကြောင့် ဖြစ်ပေါ်နေသော အမှတ်အသားလေးများအား
ခပ်ဖွဖွလေး လိုက်နမ်းလိုက်တော့ Chenle ကိုယ်လေး လှုပ်လာသည်။

"အင်းးး Jisung? နှိုးပြီလား "

"အင်း "

"ဘယ်အချိန်ရှိပြီလဲ "

"စောသေးတယ် ပြန်အိပ်ချင်ပြန်အိပ်"

"အဲ့တာဆို ပြန်အိပ်တော့မယ် 8နာရီလောက်ကျရင် ငါ့ကို နှိုးနော် "

"‌အင်း အကျီ အရင်ဝတ်လိုက်ဦး အအေးပတ်နေဦးမယ်"

"ငါ့ကို ယူပေးပါလား ငါမထနိုင်လို့ "

Chenleမှ ရိုးရိုးသားသားပြောသော်လည်း Park Jisungတို့ကတော့ နားရွက်တွေ နီရဲနေပြီဖြစ်သည်။

"အဟမ်း ဘယ်နားမှာလဲ "

"မင်းပဲ ချွတ်ပြီး ပစ်လိုက်တာလေ ငါကဘယ်လိုသိမှာလဲ "

"ငါ_ငါ "

Chenle စတော်ဘယ်ရီရုပ်ဖြစ်နေတဲ့ Jisungကို မကြည်ကြည့်တစ်ချက်ပို့လိုက်သည်
မဟုတ်သေးပါဘူး ရှက်ချင်းရှက် ငါက ရှက်ရမှာလေ။ အခုသူက ရှက်နေတာလား? မသိရင် ညကသူမဟုတ်တဲ့အတိုင်း ။

✓𝙼𝙾𝚁𝙴 𝚃𝙷𝙰𝙽 𝙵𝚁𝙸𝙴𝙽𝙳✓ Where stories live. Discover now