UnicodeChenleကိုကုန်းပိုးလိုက်တော့ အပေါ်ကဘာတွေရွတ်နေမှန်းတော့မသိ တရုတ်လိုတွေရော ကိုရီးယားလိုတွေကော စုံနေတာပဲ
ကားပေါ်တင်ပြီးတဲ့အထိပြောနေတုန်းပဲ
Chenleအိမ်ကိုပြန်ပို့လို့ဖြစ်ပါ့မလားမသိတာကြောင့် သူကိုမေးရဦးမယ်မလား
ခါးပတ်လေးပတ်ပေးပြီး သူ့ပါးေလးကို လက်ညိုးနဲ့ထိုးလိုက်တော့ Jisungကို ကြည့်လိုက်သည်"Woww Jisungပဲ Annyeong"
"Annyeong"
သူလည်းကြောင်တောင်တောင်နဲ့ဘာတွေလိုက်ပြောမိမှန်းမသိ
"Jisungiee "
"Omm"
"Jisung ကချောလိုက်တာ ငါ့ကောင်လေးလုပ်မလား"
Chenle Jisungရဲ့ပါးနှစ်ဖက်ကိုဆွဲလိုက် ပါးကိုလက်နှစ်ဖက်နဲ့ ဖျစ်လိုက်လုပ်နေသည်
Jisung ဒီငမူးလေးကို ဘယ်လိုလုပ်ရမှန်းတကယ် မသိတော့ရုတ်တရက် Jisungနှာခေါင်းကို ဆွဲလိုက်တာမို့
"တော်ပြီတော်ပြီ zhong chenle! လက်ကို ငြိမ်ငြိမ်နေမယ် "
ဆိုပြီးလက်နှစ်ခုကို သူ့လက်တွေနဲ့ချူပ်လိုက်သည်"အင်းးးဘာလဲ လွှတ်ပေး"
"တိုးတိုး ဘေးကလူတွေကြားရင် ငါကိုပြန်ပေးသမားထင်နေဦးမယ် ပြော မင်းအိမ်ကိုပြန်မှာလား ငါ့အိမ်မှာအိပ်မှာလား"
"ဟဲဟဲ မင်း အိမ်မှာအိပ်မှာပေါ့ ငါ့အိမ်ပြန်ရင် မားမား ငါ့ကိုဆူလိမ့်မယ်"
"မူးတာမူးတာဒါတော့သိသေးတာပဲ "
"ဟုတ်ကဲ့"
"အံမယ် တော်တော်တောင်ယဉ်ကျေးနေပြီပဲ "
အိမ်ပြန်တဲ့လမ်းတစ်လမ်းလုံး အိပ်လိုက်လာလို့တော်သေးတာပေါ့ ဒါတောင်ထယောင်တာက
" Park Jisung အရူးကောင်" တဲ့ အခုတော့ပြောထားဦးပေါ့ အမူးပြေမှတွေ့မယ်Chenle အိပ်ပျော်နေသည်မို့ အိမ်ထဲချဖို့ jisung chenle ကိုယ်လေးကိုပွေ့ချီလိုက်သည်
"Chenleပါလာတာပဲ အန်ကယ်သယ်ပေးရမလား"
"ရပါတယ် ကျနော်ချီနိုင်တာပဲကို"
အိပ်ပျော်နေတဲ့ကောင်လေးကို ဧည့်ခန်းထဲကsofaပေါ်မှာခဏချပြီး အမူးပြေ သံပုရည်လေးဖျော်ဖို့သွားတော့ မီးဖိုချောင်ထဲမှာ ရေသောက်နေတဲ့ဒယ်ဒီ
YOU ARE READING
✓𝙼𝙾𝚁𝙴 𝚃𝙷𝙰𝙽 𝙵𝚁𝙸𝙴𝙽𝙳✓
Fanfiction"Yup! more than friend " "Just more than friend??" My lovely dolphin 🐬✓ *(Unicode+Zawgyi)*