#Zawgyi
နေဝင်စ ညနေဆောင်းအချိန်
လမ်းမီးတိုင်များမှမီးများက ...
တဖြတ်ဖြတ်လတ်လိုက် မှိန်သွားလိုက်နှင့်...ဆောင်းဦးလေပြေအေးများကလည်း
ထိတွေ့သမျှကို အေးစက်သွားစေအောင်
ရောက်ယှတ်ခတ် တိုက်ခတ်လျှက်ရှိသည်။
သို့သော်..၆ထပ်တိုက် အအဆောက်အဦးရဲ့
ခေါင်မိုးထပ်ပေါ်က လူနှစ်ယောက်ရဲ့ ရင်ထဲက အပူမီးကိုတော့ မအေးချမ်းစေနိုင်ပေ....အဖြူရောင်ရှပ်အကျီအပေါ်တွင်
ရဲရဲနီနေသော သွေးများဖြင့်ပေကျံနေသော
အဖြူရောင်ကောင်လေးက...
သူ့အရှေ့တွင်ရှိသော သူနဲ့ ဆန့်ကျင်ဘက်
အနက်ရောင်ဝတ်ထားသောလူအား
ပစ်စတိုတစ်လက်ဖြင့်ချိန်ထားသည်။" ကလေး သေနတ်ကိုချပြီး ကိုယ့်ဆီလာခဲ့ပါ....
နာ် ''အနက်ရောင်လူက ထိုသို့ပြောရင်း
အရှေ့ကို ဖြည်းဖြည်းချင်းတိုးလာသည်။" ခင်ဗျား ရှေ့တိုးလာရင် ကျုပ်ဘာလုပ်မိမလဲ
မသိဘူးနော်...အပစ်မခံချင်ရင် ရှေ့တိုးမလာနဲ့ ''အေးစက်စွာ တစ်လုံးချင်းထွက်ပေါ်လာသော
ကောင်လေး၏ စကားကြောင့်
အနက်ရောင်လူ၏ ခြေလှမ်းများ
တုံ့ဆိုင်းသွားသည်။သေနတ်ပစ်ခံရမှာကို ကြောက်တဲ့စိတ်
ကြောင့်တော့မဟုတ်..
တိုက်အစွန်အဖျားလေးမှာ အကာအကွယ်မဲ့စွာ ရပ်နေသော ထိုအဖြူရောင်ကောင်လေးကြောင့်
ဖြစ်သည်။" ကိုယ် ရှင်းပြတာ နားထောင်ပါဦး....
ကိုယ်...ကိုယ်လုပ်ခဲ့တာ မဟုတ်ဘူး...
ကျေးဇူးပြုပြီး သေနတ်ချပြီး ကိုယ့်ဆီ လာခဲ့ပါကွာ နော် ''" လူ သတ် သမား... ခင်ဗျားကို မုန်းတယ်
ကျုပ်ချစ်ရတဲ့လူတွေအကုန်လုံးကို
ခင်ဗျားပဲ သတ်ခဲ့တာ...
အခု ခင်ဗျားကိုသတ်မယ်...
ပြီးရင် ကျုပ်ပါ ဒီပေါ်က ခုန်ချပြီး သေမယ်...
ခင်ဗျားလို psychoကောင်ဆီက လွတ်မြောက်ဖို့ ဒီတစ်နည်းပဲ ရှိတော့တယ်....''" ကလေး! ...
ဘာတွေပြောနေတာလဲ..
ကလေးက ဘာလို့သေရမှာလဲ...
ကိုယ်သေခွင့်မပေးပဲ ကလေးမသေရပါဘူး...
ကလေးက ကိုယ့်အနားမှာပဲ အမြဲနေရမှာ.... ''
YOU ARE READING
Stay With Me
Romanceလွတ်အောင်ပြေးကြည့် Baby ဘယ်လောက်ဝေးအာင်အောင်ပြေးပြေး ဒီနှလုံးခုန်တာ မရပ်သရွေ့ မင်းကို ကိုယ်ပိုင်တယ်။ လွတ်အောင်ပြေးကြည့် Baby ဘယ်လောက်ဝေးအာင်အောင်ပြေးပြေး ဒီနှလုံးခုန်တာ မရပ်သရွေ့ မင်းကို ကိုယ်ပိုင်တယ်။