Part(7)

335 34 3
                                    


Unicode

ညအချိန်8:00Pm

VIP Roomတစ်ခုအတွင်းရှိ
စားပွဲဝိုင်းတစ်ခုအပေါ်တွင် စားစရာများနှင့်
ပြည့်နှက်နေပြီး လူတစ်ချို့သည်
Whiskeyခွက်ကိုယ်စီကိုင်ကာ
ရယ်ရယ်မောမောနှင့်
စကားပြောနေကြလေသည်။

ထိုလူတွေမှာ ဝတ်စားဆင်ယင်ထားပုံကို
ကြည့်ရုံနဲ့တင် အဆင့်အတန်းမြင့်မြင့်ထဲကမှန်း
တန်းသိနိုင်သည်။
ထိုအထဲမှ လူတစ်ယောက်က ...

" ဇက်... projectအောင်မြင်တဲ့အတွက်
Congratulations...
အဲ့လောက် အပြိုင်အဆိုင်များတဲ့
မြေနေရာကို အရှုံးမများပဲ ဝယ်နိုင်ခဲ့တာ
တကယ့်ကို ချီးကျူးစရာပဲဗျာ "

" ဟုတ်ပါ့ဗျာ ဒါ့ကြောင့်လဲ ဇက်ဆိုတာ
စီးပွားရေးလုပ်ငန်းရဲ့ ဘုရင်တစ်ပါးဖြစ်နေတာပေါ့"

" ရှေ့လျှောက် Zenithရဲ့ လုပ်ငန်းတော်တော်
များများမှာလည်း ရှယ်ယာဝင်ဦးမှာမို့ အခုတော့
ခွက်တွေမြှောက်ပြီး အောင်ပွဲခံလိုက်ကြရအောင် "

ထိုလူ‌တွေသည် လက်ထဲရှိ whiskyခွက်တွေကို ပြိုင်တူလေထဲ မြှောက်လိုက်ကြပေမယ့်
အရှေ့ရှိ စားပွဲခုံကိုသာ မျက်နှာသေနှင့် စိုက်ကြည့်နေသော ဇက်ကြောင့် ဘာဆက်လုပ်ရမှန်း
မသိတော့ပဲ ချောင်းတစ်ဟန့်ဟန့်နှင့်သာ
ခွက်တွေ ပြန်ချလိုက်ကြရ‌လေသည်။

ဇက်ရဲ့ ပုံစံကြောင့် စကားတောင်
ကျယ်ကျယ်မပြောရဲကြတော့ပဲ
တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်လိုက်ကြရင်း စားပွဲဝိုင်းမှာ တိတ်ဆိတ်သွားရသည်။

အနောက်တွင်ရပ်‌နေသော ဇွဲခန့်ကိုယ်တိုင်ပင်
ဆရာ့ရဲ့ အခြေအနေကို နားမလည်‌ပေ။
မနက်တည်းက စကားတစ်လုံးမှ မပြောလာသော ဆရာရဲ့ ပုံစံက အရင်ရက်တွေနဲ့မတူ။
ပုံမှန်ဆို ဆရာက စကားမပြောချင်ရင်တောင်
တစ်နေရာရာကိုထထွက်သွားတာ ဒါမှမဟုတ်
အခြားတစ်ယောက်အပေါ် ပေါက်ကွဲပစ်တာတို့
လုပ်လေ့ရှိတဲ့ လူတစ်ယောက်ပင်။
အခုတော့ မတုန်မလှုပ် အေးစက်နေသော
ဆရာ့ရဲ့ပုံစံ‌ကြောင့် ဇွဲခန့် နည်းနည်းစိုးရိမ်မိသည်။
တိတ်ဆိတ်နေတဲ့လူက ပိုကြောက်စရာကောင်းတယ်မလား။

You've reached the end of published parts.

⏰ Last updated: Apr 14, 2023 ⏰

Add this story to your Library to get notified about new parts!

Stay With MeWhere stories live. Discover now