Part(4)

327 34 1
                                    

Zawgyi

နှုတ်ခမ်းထော်ထော်လေးအောက်ကနေ
ထွက်ကျလာတဲ့ အသံချိုချိုလေးရယ်...
ဖြာကျ‌နေ‌သော မျက်တောင်မွှေးလေးတွေ
‌အောက်က နက်မှောင်နေတဲ့
မျက်ဝန်းနှစ်စုံရယ်....
လက်ကိုင်ပုဝါစလေးနဲ့ ကိုယ့်လက်ကို
ဂရုတစိုက် စည်းပေးနေသော
နူးညံသည့်အထိအတွေ့...
ကိုယ် အကြည့်မလွှဲနိုင်လောက်အောင်
‌ငေးကြည့်နေခဲ့ရသော ဒီလူသားဟာ
ပြီးပြည့်စုံလွန်းတယ်...

ကိုယ်တိုင်တောင်မသိလိုက်ခင်
မင်းရဲ့အစိတ်အပိုင်းအားလုံးကို
ကိုယ်အလွတ်ရနေပြီ။

မင်းနဲ့ လမ်းခွဲခဲ့ပြီးတာတောင်
မင်းရဲ့အငွေ့အသက်တွေက ကိုယ့်ကိုယ်‌ပေါ်မှာ
ထင်ကျန်နေခဲ့တုန်းပဲ..ပြီးတော့
မင်းအမှားတစ်ခုလုပ်လိုက်မိပြီဆိုတာ သိရဲ့လား.

ဇက်သည် တဒိတ်ဒိတ်ခုန်နေသော
ရင်ဘတ်ပေါ် လက်တင်ပြီး နှစ်ခြိုက်စွာ
ပြုံးလိုက်လေသည်။
*ကိုယ် အခု တစ်ခါမှမခံစားဖူးတဲ့
အေးချမ်းတဲ့ခံစားချက်မျိုး ခံစားနေရတယ်...
အဲ့ဒါ မင်းကြောင့်လား ? *

" ဒေါက်...ဒေါက် ''

" ဝင်ခဲ့ "

တံခါးဖွင့်သံနှင့်အတူ
‌ဆေးသတ္တာကိုင်လျှက် ဝင်လာသူက ဇွဲခန့်

ဇွဲခန့် ကုတင်စွန်းတွင် ထိုင်နေသော
ဇက်ဆီလျှောက်သွားလိုက်ပြီး
လက်ကဒါဏ်ရာကို ကြည့်ရန်ပြင်လိုက်စဉ်..

" ဦးညွန့်ကို ခေါ်လိုက်... "

" ဗျာ "

" ငါ့ကိုထားခဲ့..မင်းလူတွေဆီပြန်သွား...
ငါရဲတွေနဲ့ စကားထပ်မပြောချင်ဘူး "

" ဟုတ်ကဲ့ ဆရာ..."

ဇက်ရဲ့ စကားအသွားအလာကို
နားလည်နေ‌သော ဇွဲခန့်သည်
‌ဇက်ကို အရိုအသေပေးကာ
အခန်းထဲမှ ချက်ချင်းထွက်ခွာသွားတော့သည်။

ဇွဲခန့် ထွက်သွားသည်နှင့်
ဇက်သည် ကုတင်မှ ထကာ
ဆိုဖာပေါ်ပြောင်းထိုင်လိုက်ပြီး
စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ယူကာ
ဖြည်းဖြည်းချင်း ‌သောက်နေလိုက်သည်။

ခနကြာတော့ လက်ထဲတွင် စွပ်ပြုတ်ပန်းကန်နှင့်အတူ ဦးညွန့်ရောက်လာသည်။
သူ့နောက်တွင်တော့
အိမ်ဖော်မလေးတစ်ယောက်က‌ ခေါင်းငုံ့ကာ
‌ရေ‌နွေးဇလုံတစ်လုံးကို သယ်ဆောင်လာသည်။

Stay With MeWhere stories live. Discover now