#Unicode
လွန်ခဲ့သော 2 နှစ်ခန့်က....
" သျိုင်းဆက်...ဟိတ်ကောင် ''
" ဗျား...''
ဆိုင်ပိုင်ရှင် သူဌေး၏
စူးစူးဝါးဝါး အော်နှိုးသံကြောင့်
မီးဖိုချောင်ထဲ ခိုးအိပ်နေသော
သျိုင်းဆက်တစ်ယောက် ခေါင်းထထောင်က
ပျာပျာလဲလဲ ပြန်ထူးလိုက်ရသည်။" မင်းအလုပ်ချိန်ကြီး..အိပ်နေပြန်ပြီ
ထစမ်း..လူကျနေပြီ..မင်းအိပ်ဖို့လာတာဆိုရင် အလုပ် လုပ်မနေနဲ့တော့ ''" ဟုတ်...တောင်းပန်တယ်
ကျွန်တော် ညက ၃ နာရီပဲ အိပ်ရသေးလို့
နည်းနည်းငိုက်သွားတာပါ...''" မင်းဟာမင်း ဘယ်ချိန်အိပ်ရအိပ်ရလေ...
ငါ့အလုပ်ထဲ အချောင်လာမခိုနဲ့...
နောက်တစ်ခါဆို..မင်းအလုပ်ထွက်ရမယ်မှတ်
မြန်မြန်သွား ဟိုမှာ လူကျနေပြီ ''" ဟုတ်ကဲ့...''
အိပ်ချင်လွန်း၍ ကျိန်းစပ်နေသော
မျက်လုံးတို့အား လက်ခုံဖြင့်ဖိပွတ်ကာ
Billရှင်းဖို့ ခေါ်နေသော စားပွဲဝိုင်းဆီသို့
အပြေး သွားလိုက်သည်။" ဘယ်လောက်ကျလဲ သား ''
" ဟုတ်ကဲ့ ခနလေးစောင့်ပါနော် ''
သျိုင်းဆက် ငွေရှင်းကာင်တာဆီ
သွားလိုက်ပြီး Cashierအမကြီးဆီက
Bill စာရွက် တောင်းလိုက်ကာ စားပွဲဆီ
ပြန်လျှောက်လာခဲ့သည်။" ဧည့်သည်...အားလုံးပေါင်း ငါးသောင်းခွဲ
ကျပါတယ် ခင်ဗျ...
ဒီမွာ Billစာရွက်ပါ... ''" ဟို....ဟိုလေ..''
" ဟုတ်ကဲ့ ဘာလိုအပ်သေးလို့လဲ ခင်ဗျ..''
အသက် 40 ခန့်လောက်ရှိမည်ထင်ရသော
ဧည့်သည် အန်တီကြီးမျက်နှာမှာ
ပျက်ယွင်းနေသည်။
လက်ထဲတွင် တစ်သောင်းတန် တစ်ရွက်ကို
ဆုပ်ကိုင်ထားကာ
တစ်ခုခုကို ပြောချင်နေပေမယ့်
ရှက်ရွံ့ နေသလိုလို...
သူ့ဘေးတွင်တော့ ၁၀နှစ်အရွယ်
ကလေးမလေးတစ်ယောက်က
ဟိုငေးဒီငေးနှင့် ထိုင်နေသည်။
YOU ARE READING
Stay With Me
Romansaလွတ်အောင်ပြေးကြည့် Baby ဘယ်လောက်ဝေးအာင်အောင်ပြေးပြေး ဒီနှလုံးခုန်တာ မရပ်သရွေ့ မင်းကို ကိုယ်ပိုင်တယ်။ လွတ်အောင်ပြေးကြည့် Baby ဘယ်လောက်ဝေးအာင်အောင်ပြေးပြေး ဒီနှလုံးခုန်တာ မရပ်သရွေ့ မင်းကို ကိုယ်ပိုင်တယ်။