Zawgyicode
သိပ္ပံပညာရှင်တို့ စုဝေးရာ အစည်းအဝေးခန်းမတခုမှာ အားလုံးရဲ့အခရာ ဖြစ်ပုံရသည့် လူတယောက်က ခုံကိုတဒေါက်ဒေါက် ခေါက်နေရဲ့....
"ဟိုခုနှစ်ယောက်ကို ခေါ်လိုက်....''
"BANGTANတွေကို ပြောတာလား Sir....''
"အေး ဟုတ်တယ်....''
ထိုလူကြီးရဲ့ အဖြေအဆုံး ဆရာဝန်ကောင်လေးတဦးက ကောင်လေးခုနှစ်ယောက် စုဝေးရှိမဲ့ အခန်းတခုကို ဦးတည်လိုက်တော့သည်...
ဘုန်း....
"Yahhhhh....ငါ့ဟာငါ့ဟာ....ပြန်ပေးလို့....''
ထင်သည့်အတိုင်း အခန်းတံခါးလေးကို ဆွဲလှက်လိုက်တာနဲ့ နှာခေါင်းတည့်တည့်သို့ရောက်လာသော ပန်းသီးတလုံး....
ဆူညံနေတဲ့ အခန်းကိုကြည့်ပြီး ထိုဆရာဝန် ခေါင်းတခါခါလုပ်မိပါ၏....ထိုအထဲမှ တယောက်သောသူကတော့ ထိုင်ခုံပေါ်မှာ ဆန့်ဆန့်ကြီး အိပ်ပျော်လို့....ခွီ....ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နည်းနည်းလေးမှ မလိုက်တဲ့သူတွေ.....
ဟိုအကြီးကောင်နဲ့ အငယ်ကောင်ကလဲ ဖက်ကိုက်နေကြသေးရဲ့....
Knock Knock
"နားထောင်မယ်ကောင်လေးတွေ....''
အခန်းတံခါးလေးကို နှစ်ချက်ဆင့်ခေါက်ပြီး ဆိုလိုက်သော်လည်း သူ့ဘက်ကို လှည့်ကြည့်မလာတဲ့ ကောင်စုတ်လေးများ...
"ဟူး...နားထောင်မယ်လို့!...."
ဒုတိယတခါအော်လည်း နဲနဲလေးတောင် ဂရုမစိုက်ကြသူတွေကြောင့် သူစုတ်သပ်လိုက်ပြီး နောက်ဆုံးတိုက်စစ်ကို ထုတ်သုံးရတော့သည်....
"မီးလောင်နေတယ်မီး!!!...."
ဘေးကအသင့်ချထားတဲ့ လော်ကြီးနဲ့ အော်ချလိုက်မှ အကုန်လုံးပြာယာပြာယာနဲ့ ရန်သတ်နေတဲ့ နှစ်ယောက်တောင် အချင်းချင်းဖက်ပြီး အော်နေကြလေသည်....အမလေး....ဒီကောင်တွေကို Sirက ခိုင်းမည်တဲ့....ဘယ်နှယ့်လုပ်ရပါ့....
"Sejin hyung!...မီးလေ...မပြေးပဲဘာလုပ်နေတာလဲ...''
"မင်းတို့ကိုအမြင်ကပ်လို့ သက်သက်ပြောတာ....''
YOU ARE READING
BANGTAN WITH ZOMBIES(COMPLETED)
Horrorမြို့ဟောင်းတခုကို သုတေသနလုပ်ဖို့ ရောက်သွားကြသည့် ကောင်လေးခုနှစ်ယောက်....အဲ့ဒီမြို့မှာနေတဲ့ လူနည်းစုဆီသို့ မထင်မှတ်ထားတဲ့ Virusတမျိုးက တိုက်ခိုက်လာသောအခါ....သုတေသနလုပ်ဖို့ ရောက်လာကြတဲ့ ကောင်လေးတွေကရော....Virusကူးစက်ခံလိုက်ရတဲ့ Zombieတွေကြားက ရုန်းထွက...