Bangtan With Zombies-6

1.2K 223 78
                                    

Zawgyicode

တဂျစ်ဂျစ်မြည်နေသော အသံဖမ်းစက်လေးကို Namjoon သေချာပြုပြင်နေမိသည်...ဒါလေးကို သူမြေအောက်ခန်းသွားတုန်းက တွေ့တာမို့ ယူလာခဲ့ခြင်း...

အကယ်၍ အလုပ်သာဖြစ်ရင် သူတို့ကို လာခေါ်ဖို့အတွက် Shihyuk Hyungအား လှမ်းအကြောင်းကြားလို့ ရမည်လေ...

"Namjoon...ဘာသံကြီးလဲ...တဂျစ်ဂျစ်နဲ့...''

သူ့နားသို့ အိပ်ချင်မူတူးရောက်လာသည့် Yoongi Hyungကြောင့် သက်ပြင်းကိုချရင်း...

"အသံဖမ်းစက်လေ...ဒါလေးပြင်လို့ရရင် ကျွန်တော်တို့ ဖုန်းဆက်သလိုပဲ တဖက်ကိုလှမ်းဆက်သွယ်လို့ရတယ်...''

''ဟမ်?...မင်းကတော့နောက်ပြီ...ဒီမှာလိုင်းမရလို့ ဖုန်းတောင်မယူခဲ့ရပါဘူးဆို...ဒါကဘယ်လိုလုပ် အသုံးဝင်မှာလဲ....''

"ဒါကလိုင်းရမရနဲ့ မဆိုင်ဘူးလေ Hyungရ...လိုင်းမရတဲ့ ဒေသတွေကို ခရီးထွက်ရင် ဒီဟာကိုဆောင်သွားကြတာ....''

''တကယ်???ဒါဆို..ဒါဆို ငါတို့ဒီကထွက်လို့ ရမှာပေါ့နော်...''

ဤသည်ကတော့ Yoongi Hyungအနောက်က အလန့်တကြား ဝင်ပြောလာတဲ့ Jin Hyungပင်...

"အွန်း...ရတော့မှာ...''

''အားးးဝမ်းသာလိုက်တာ Yoongiနဲ့Namjoonရာ...''

ပြောရင်းသူတို့ကို တလှည့်စီဖက်နေသူက တော်တော်လေး ပျော်နေပုံရသည်...

"Hyungတို့ ထမင်းစားရအောင်...''

ထမင်းစားခန်းဘက်က ထွက်လာတဲ့ jiminက သူတို့ကိုခေါ်ပြီးတာနဲ့ အထဲပြန်ဝင်သွားသည်...

"သွားစားကြစို့...''

သူ့လက်ကိုတဖက် Yoongi Hyungရဲ့လက်ကိုတဖက် ဆွဲကိုင်ရင်း ထမင်းစားခန်းဘက် ခပ်သွက်သွက်သွားတဲ့ Jin Hyung...

အစောက အကြောင်းကို ကလေးတွေဆီ သေချာပေါက် ပြောပြဦးမှာပင်....

"တကယ်ကြီး!!!"

"အဟွတ်အဟွတ်...''

ထင်သည့်အတိုင်း...အသံဖမ်းစက်အကြောင်း ပြောပြီးတာနဲ့ စားရင်းသီးသူကသီး မျက်လုံးပြူးသူကပြူး အော်သူကအော်နဲ့ သူတို့သုံးယောက်လုံးပင် လန့်သွားရ၏....

BANGTAN WITH ZOMBIES(COMPLETED)Where stories live. Discover now