အခန်း(၁၁)

328 35 5
                                    

Unicode

ကျွန်တော် မျက်လုံးတွေမှိတ်ပြီး အိပ်ကြည့်ဖို့ကြိုးစားလ်ုက်တယ်။ ဒါပေမဲ့ မျက်လုံးမှိတ်လိုက်တိုင်း မီးခိုးလုံးကြီးတွေပေါ်လာတယ်။ လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်တုန်းက မှတ်ဉာဏ်တွေက အမြင်အာရုံထဲမှာ ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ်လာနေကြသလိုမျိုး။

ရောထွေးနေကြတယ်။ မပီမပြင်မှတ်ဉာဏ်တွေဟာ မကြာမီလေးတင်ကကြုံထားရတဲ့ မီးခိုးငွေ့တွေကြားထဲမှာ ပေါ်တဝက်ပျောက်တဝက်ဖြစ်နေကြတယ်။ ကျွန်တော့်မှာ traumaရှိတယ်လို့ ပြောဖူးတယ်မလား။ ပူအိုက်လာရင် အသက်ရှူကြပ်ပြီး လုံးဝနေလို့မရတော့ဘူးဆိုတဲ့ဟာပေါ့။

အဲ့တာ အမှန်တော့ ကျွန်တော်ဆယ်နှစ်သားလောက်က မီးလောင်မှုတစ်ခုနဲ့ ကြုံခဲ့ရဖူးလို့ပါ။ ကျွန်တော်နေတဲ့ ဘုရားကျောင်းမှာ မီးလောင်တာ။ ကျွန်တော်က မိဘမဲ့။ အဲ့ဘုရားကျောင်းက စောင့်ရှောက်ထားတဲ့ ကလေးတွေထဲကတစ်ယောက်ပေါ့။ ကျောင်းက တောင်ပေါ်ကျောင်းလေးပဲ။ သာယာပြီးအေးချမ်းတယ်လို့ဆိုနိုင်တယ်။

တစ်နေ့မှာ အဲ့အေးချမ်းတဲ့နေရာလေးကို အနုကြမ်းစီးခံရတယ်။ ဘယ်ကနေဘာသတင်းတွေကြားလာသလဲတော့မသိဘူး။ ဓားပြတွေက ကျွန်တော်တို့ဘုရားကျောင်းမှာ ရန်ပုံငွေတွေအများကြီးရှိတယ်ဆိုပြီးတော့ အဲ့ငွေတွေကို ဓားပြလာတိုက်တာပဲ။ ကျွန်တော်တို့ဖာသာက ပေးရှာပါတယ်။ ဒါတောင်သူတို့က မကျေနပ်ဘူးဗျ။ အရွယ်မရောက်တရောက် မိန်းကလေးတွေကိုပါ ခြေတော်တင်ချင်သေးတယ်။ ဒါတော့ ဘယ်သူကလက်ခံမလဲဗျာ။ အဲ့တာနဲ့ ရုန်းရင်းဆန်ခတ်တွေဖြစ်ကြပြီး နောက်ဆုံး ဘုရားကျောင်းတစ်ခုလုံးမီးလောင်၊ ကလေးတွေလည်း တောထဲပြေးတဲ့သူကပြေး၊ သေတဲ့သူကသေနဲ့ တကယ့်ကို ဆိုးဆိုးရွားရွားကြီးဖြစ်ခဲ့တာ။

ကျွန်တော် အားလုံးကို လုံးစေ့ပတ်စေ့တော့ မမှတ်မိတော့ဘူး။ အဲ့တာ သိပ်ကြောက်စရာကောင်းတယ်ဆိုတာပဲ ကျွန်တော်မှတ်မိတော့တယ်။ ကျွန်တော် အဲ့နေရာကနေ ဘယ်လိုလွတ်မြောက်လာသလဲဆိုတာတောင် သေချာမမှတ်မိတော့ဘူး။ အကြောက်လွန်ပြီး တော်တော်များများ မေ့ကုန်တယ်။ မေ့ကုန်တဲ့အထဲမှာ  ဆိုးတာရော ကောင်းတာရော အကုန်ပါသွားတယ်။ ငယ်ဘဝရဲ့မှတ်ဉာဏ်တော်တော်များများဟာ အဲ့အဖြစ်ဆိုးကြီးကြောင့် ပျက်စီးသွားခဲ့တယ်ထင်ပါတယ်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now