အခန်း(၁၅)

528 30 7
                                    

Warning❗ ဤအခန်း၌ ညှင်းပန်းနှိပ်စက်ခြင်းနှင့် သွေးထွက်သံယိုဖြစ်ခြင်းများ ပါဝင်ပါသည်။ ❗

Unicode

ညရိပ်က အဲ့ချာတိတ်လည်း အနားရောက်ကော သူ့ခေါင်းကိုပုတ်လိုက်တယ်။ ကျွန်တော့်မျက်နှာက တင်းတင်းဆွဲခံလိုက်ရတဲ့ ချည်ထည်စတစ်ခုလိုပဲ ချက်ချင်းတင်းသွားတယ်။ သူတို့က ဘယ်တုန်းက အဲ့လောက်ရင်းနှီးသွားကြတာလဲ။

သူတို့ပျော်ပျော်ရွှင်ရွှင် စကားတွေပြောနေကြတယ်။ ညရိပ်ရဲ့ခွေးဆို သူ့ကိုတစ်ချက်တောင်မဟောင်ဘူး။ အပွတ်အသပ် အယုအယခံပြီး အမြီးတယမ်းယမ်းဖြစ်နေတာ။ အဲ့ကောင်က သခင်များမှားနေသလား။

"...အကို ကျွန်တော်တို့ ဒီည ဟော့ပေါ့လုပ်စားကြမယ်လေ၊ ကျွန်တော် အသားတွေဝယ်လာတယ်၊ အကိုက အမဲသားကြိုက်တယ်မလား..."

"...ငါလည်းကြိုက်တယ်လေ သုတ၊ မင်းက ငါ့ကျမကျွေးချင်ဘူးလား၊ အားအားရှိ သူ့အကိုပဲ..."

"...အမထက်မြက်လည်း လာစားလေ၊ ကျွန်တော်တို့က ဘာရယ်မဟုတ်၊ အဲ့လိုပဲ ပျင်းလို့လုပ်စားနေကြတာ..."

သူတို့က ဟော့ပေါ့တောင်လုပ်စားနေကျလား။ အဟက်...ညရိပ်...ညရိပ်...မင်းက‌ ငါ့ကိုတော့ စည်းတွေအထပ်ထပ်ချပြီးတော့ ဒီချာတိတ်လေးကိုတော့ သိပ်ခင်မင်နေတာပေါ့လေ။ ကျွန်တော့်အတွေးတွေ မှုန်မှိုင်းလာသလို စိတ်တွေလည်းမကြည်ချင်တော့ဘူး။

အစက ညရိပ်ကို ရေခဲမုန့်ဆိုင်ခေါ်သွားမယ်။ ဟိုနေ့ကကိစ္စကို တောင်းပန်မယ် အစရှိသဖြင့်... သူ့အနားကို ပြန်ချဉ်းကပ်မယ်လို့ တွေးထားတာ။ အခုတော့ အဲ့စိတ်ကူးတွေ လေထဲပါသွားပြီ။

သူတို့သုံးယောက် စကားကောင်းနေတုန်း ကျွန်တော်ရပ်နေတဲ့ တိုက်ရဲ့လှေကားကနေ ရင်းနှီးနေတဲ့ခေါ်သံတစ်ခုကြားလိုက်ရတယ်။ မိန်းကလေးဆန်ပြီး အင်မတန်ချိုသာတဲ့ အသံမျိုးပေါ့။

"...မာန်...ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ..."

သွင်ရတနာဟုခေါ်တွင်သော အနှီမိန်းကလေးက လှေကားထစ်တွေကို ခပ်သွက်သွက်ဆင်းလာပြီး ကျွန်တော့်လက်မောင်းကို တယုတယလာတွဲကာ ဆက်ပြောလိုက်တယ်။ သူ့မျက်လုံးတွေဟာ အလွန်ပျော်ရွှင်ကြည်နူးနေဟန်အပြည့်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now