အခန်း(၁၇)

465 30 0
                                    

Unicode

မိုးမခခြံကြီးထဲကို ကားလေးဝင်လိုက်တာနဲ့ အပြေးအလွှားထွက်ကြိုသူက ခြံစောင့်ဦးလေးသိန်း။ ဦးလေးသိန်းက ခုဆို အသက်ငါးဆယ်ကျော်ရောပေါ့။ ဒါပေမဲ့ အခုချိန်ထိ သန်တုန်းမာတုန်းပဲ။

တစ်ချိန်တုန်းက ဦးလေးသိန်းခေါ်လာခဲ့တဲ့ ကလေးငယ်လေးဟာ အခုညငှက်လေးတစ်ကောင်ဖြစ်နေပြီလို့ ပြောလိုက်ရင်တော့ အနှီလူသန်ကြီးဟာ ဗိုင်းခနဲမေ့လဲသွားနိုင်လောက်ပါတယ်။

"...မမကြီးက အိပ်တောင်နေပြီ သခင်လေးရယ်၊ ဦးလေးသိန်းသွားနှိုးပေးရမလား..."

"...ရတယ် လေးသိန်း၊ မနှိုးနဲ့၊ မနက်ကျလဲ တွေ့မှာပဲဟာ...ကေကေရော အိပ်နေပြီလား..."

"...မမလေးက အပေါ်ထပ်က သူ့အခန်းမှာ စာကျက်နေမယ်ထင်တာပဲ၊ ခုနကထိတော့ စာကျက်သံကြားတယ်..."

"...အင်း အင်း၊ လေးသိန်း နားတော့၊ ကိုကျော်လဲ ပြန်လို့ရပြီ၊ ကျွန်တော်လိုမှခေါ်လိုက်မယ်၊ Alexကို ကိုကျော်ပဲပြောလိုက်တော့ ကျွန်တော်ဒီရောက်နေတယ်လို့..."

"...ကောင်းပါပြီ သခင်လေး..."

"...ဟုတ်ကဲ့ပါ ဆရာ..."

ကျွန်တော် မှာစရာရှိတာမှာပြီး အိမ်ထဲဝင်လိုက်တယ်။ အိမ်တွင်းပြင်ဆင်မှုအနည်းငယ်လုပ်ထားတာကြောင့် အရင်ကလို နံရံတွေမှာ ကျွန်တော်လျှောက်ခြစ်ထားတဲ့ အရုပ်လေးတွေမမြင်ရတော့ဘူး။ အဲ့အစား ပန်းချီကားတွေ၊ ရှေးဟောင်းပစ္စည်းတွေ၊ အလှဆင်ပန်းအိုးတွေသာ မြင်ရတယ်။

ပန်းမကြိုက်တဲ့မေမေသာမြင်ရင် အဲ့ပန်းအိုးတွေကို လွှင့်ပစ်မှာကျိန်းသေတယ်။ မေမေသာရှိရင် ယွန်းထည်လေးတွေကို ဧည့်ခန်းကစင်ကြီးတစ်ခုအပြည့်တွေ့ရမှာ။ မေမေက ယွန်းထည်ပစ္စည်းလေးတွေဆို စုဆောင်းရသိပ်ဝါသနာပါတာလေ။

ကျွန်တော် အိမ်ထဲကိုခြေတစ်လှမ်းနှစ်လှမ်းဝင်စထဲက အမှတ်တရတွေကို သတိရနေမိပြီပဲ။ ရှေ့ဆက်ပြီး ဘယ်လိုအားယူလို့ ခြေလှမ်းရပါ့မလဲ။ ခေတ်မီအပြင်အဆင်တွေနဲ့ မွမ်းမံခံထားရတဲ့အိမ်ကြီးမှာတောင် ကျွန်တော်က လွန်ခဲ့တဲ့နှစ်နှစ်ဆယ်လောက်က အငွေ့အသက်တွေကို ရှူရှိုက်မိနေတယ်မဟုတ်လား။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now