အခန်း(၁၂)

321 30 3
                                    

Unicode

"...ကယ်ကြပါဦး..."

ကျွန်တော် သူ့နှုတ်ခမ်းနဲ့အလွတ်မှာ အကျယ်ကြီးအော်ချလိုက်တယ်။ သူခဏအငိုက်မိသွားတုန်း ကျွန်တော် သူ့ဗိုက်ကိုကန်ထုတ်လိုက်တယ်။ သူကနောက်ကို ခြေလှမ်းအနည်းငယ်စာလောက်တော့ ရွေ့သွားတယ်။

ကျွန်တော်နေမကောင်းပေမဲ့ လူက ကြောက်လန့်နေတာကြောင့် ရှိစုမဲ့စုအားတွေကို ဖြစ်ညှစ်သုံးလိုက်ရတယ်။ သူက မူးနေတာလည်းပါတာပေါ့။ မဟုတ်ရင် သူ့လက်ထဲကနေ လွတ်ဖို့ဘယ်လွယ်ကူပါ့မလဲ။

ကျွန်တော် စားပွဲပေါ်ကနေ အမြန်ဆင်းပြေးတော့ ဘေးနားမှာ ခုနကကျကွဲထားတဲ့ ဖန်ခွက်စတွေကိုနင်းမိသွားတယ်။ ကျွန်တော်ဟာ ကံဆိုးကောင်သွားရာ မိုးလိုက်လို့ရွာနေသလားပဲ။ ထွက်ပြေးပါမယ်ဆိုကာမှ ခြေဖဝါးက နာပြန်တယ်။

ဒါပေမဲ့ကျွန်တော် အံကြိတ်ပြီး ထော့နဲ့နဲ့လျှောက်လိုက်တယ်။ သူ့ဧည့်ခန်းထဲခင်းထားတဲ့ ကော်ဇောဖြူဖြူပေါ်မှာ ကျွန်တော့်သွေးခြေရာတွေနဲ့ ညစ်ပတ်ကုန်တော့တယ်။

ကျွန်တော်ဧည့်ခန်းတဝက်နားရောက်တော့ ကျွန်တော့်ကိုယ်ပေါ်ကို စောင်တစ်ထည်ခြုံပေးလိုက်တာ ခံစားလိုက်ရတယ်။ သူ...လင်းမာန်...ခုနက ကျွန်တော့်ကို အကြမ်းဖက်ဖို့ကြိုးစားနေတဲ့သူဟာ အခုတော့ ကျွန်တော့်ကို စောင်လာခြုံပေးနေပြန်တယ်။

ကျွန်တော်က သူခြုံပေးတဲ့စောင်ကို ဖယ်ချရင်း တံခါးမကြီးဆီကို အမြန်ရောက်ဖို့သာ စိတ်လောနေခဲ့တယ်။ သူက ပြုတ်ကျသွားတဲ့စောင်ကို ကောက်ပြီး ထွက်ပြေးဖို့ အကြိုးစားကြီး ကြိုးစားနေတဲ့ကျွန်တော့်ကို လွှမ်းခြုံရင်း ဖမ်းချုပ်‌သိမ်းဖက်လိုက်တယ်။ ကျွန်တော် သူ့ကို ကျောခိုင်းထားတာဆိုပေမဲ့ သူ့မျက်နှာကြီး ဘယ်လောက်မည်းမှောင်နေမလဲဆိုတာ ကျွန်တော်မြင်ယောင်မိတယ်။

"...ကျွန်တော့်ကိုလွှတ်လိုက်...လင်းမာန်..."

"...လုံးဝလွှတ်မပေးနိုင်ဘူး..."

"...ခင်ဗျား ရူးနေတာလား...ကျွန်တော်ကယောက်ျားလေးဖြစ်ဖြစ် ဖာဖြစ်ဖြစ် ဒီလိုအတင်းအကြပ်လုပ်တာက အကြမ်းဖက်တာပဲဆိုတာ ခင်ဗျားသိရဲ့လား..."

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now