"ကျန့်ကျန့်ရေ ကိုယ်ဆေးရုံသွားတော့မယ်
အားယွမ်လေးကိုကြည့်ပေးထားနော်
နေ့လည်ကျ တခါပြန်လာခဲ့မယ်""အိုကေ"
"ပါးပါးပြန်လာရင် မုန့်ဝယ်ခဲ့"
"ငါ့အတွက်ရောဝယ်ခဲ့"
"အင်းနှစ်ယောက်လုံးအတွက်ဝယ်ခဲ့မယ်
လေးလေးကျန့်ကျန့်ကိုမဆိုးရဘူးနော် အားယွမ်""ဟုတ်"
ရိပေါ်ကနှုတ်ဆက်ပီးဆေးရုံထွက်သွားတော့မှ
အားယွမ်အခန်းထဲကိုယူရီကဝင်လာတယ်"ရှောင်းကျန့်"
"ဘာတုန်း"
"နင့်ကိုပြောစရာရှိတယ်"
"ငါနားထောင်ဖို့အချိန်မရှိဘူး"
"နင့်ကျဲကျဲအကြောင်းဆိုရင်ရော"
ရှောင်းကျန့် ယူရီကိုတချက်ကြည့်လိုက်ရင်း
"ကလေးရှိတယ် လာ အပြင်လိုက်ခဲ့"
သူတို့နှစ်ယောက် အေးအေးဆေးဆေး
စကားပြောရန် ခြံထဲကိုဆင်းခဲ့ကြတယ်"ဝမ်ယွမ်ကဝမ်ရိပေါ်ရဲ့သားအရင်းမဟုတ်ဘူး
သိလား""အဲ့တော့"
"နင့်ကျဲကျဲက ငါတို့ရိပေါ်ကို လိမ်ပီးလက်ထပ်ခိုင်းတာ"
"ဟားဟား ရီရတယ် ဝမ်ရိပေါ်က အလိမ်ခံရအောင်
သူကငတုံးလား ""နင့်ကျဲကျဲမှာရည်းစားတစ်ယောက်ရှိတယ်သိလား"
"၂၀ကျော်မိန်းကလေးတစ်ယောက်မှာ ရည်းစားရှိတာဆန်းလား မင်းတောင်မရေမတွက်နိုင်တဲ့ကောင်
တွေနဲ့ဖြစ်ပျက်နေသေးတာပဲ
မဟုတ်ဘူးလား ငါ့မှာ သက်သေတွေရှိတယ်နော်"နောက်ဆုံးစကားရောက်တော့ ရှောင်းကျန့်က
ယူရီ့မျက်နှာနားကိုကပ်ကာပြောရင်း
ပြုံးပြလိုက်တော့ ယူရီက တွန်းထုတ်တယ်"ကင်ယူရီ!!!!"
"ရိ ရိပေါ်ကော"
အနောက်ကိုလန်သွားတဲ့ရှောင်းကျန့်ကိုဖမ်းလိုက်ရင်း
မျိုးရိုးနာမည်ကိုပါတပ်ကာခေါ်လိုက်တော့
လန့်သွားတယ် ရင်ခွင်ထဲကတစ်ယောက်က
လွဲရင်ပေါ့