#unicoad
ဒီတစ်ပတ်လုံးအဆင်မပြေ ခေါင်းပဲကိုက်တာလိုလို
ဗိုက်တွေပဲအချိန်ပြည့်ဆာနေတာလိုလိုနဲ့ အိမ်မှာသောင်တင်နေတဲ့ဝမ်ယွမ်ဆိုတဲ့စောက်ကလေးလေးကိုလည်းကြည့်မရတာကြာပီ ပြီးတော့
ဝမ်ရိပေါ်ကိုလည်းမတွေ့ရတာလည်း
တစ်ပတ်တောင်ရှိပီ"ဟဲ့ ရှောင်းကျန့် နင့်ပုံကဘာဖြစ်နေတာလဲ
ကြက်ကြီးလည်လိမ်ထားသလိုပဲ""ဘာဖြစ်လို့လဲမားမားရာ ကိုယ့်ဘာသာနေလည်း
လိုက်ပြောနေမှရမှာလား ဘာလုပ်လုပ်အပြစ်ကို
မလွတ်ဘူး မားမားရော ဝမ်ရိပေါ်ရောတူတူပဲ
ကျွန်တော့်ကိုဆု်အရမ်းနိုင်စားကြတာ""ဝမ်ရိပေါ်က ဘယ်ကပါလာ....
ဟဲ့ဟဲ့ ဘယ်တုန်း"မားမားကဆက်ပြောနေတုန်း ရုတ်တရက်
မတ်တပ်ထရပ်ကာဝုန်းဒိုင်းကြဲထွက်ပြေးသွားသော
ရှောင်းကျန့်ကိုလှမ်းအော်လိုက်ပေမယ့် မမှီလိုက်
အဲ့တာပဲ သားတစ်ကောင်မျောက်တစ်ထောင်တဲ့
...........
"ဆရာဝမ် ဒီနေ့လည်းအိမ်မပြန်ဖြစ်ဘူးလား"ရုံးခန်းထဲကိုဆေးစစ်ချက်တွေလာပြတဲ့မုန့်ဇီယိက
မေးတာကို ခေါင်းတချက်ပဲငြိမ့်ပြကာ
ဘေးမှာချထားတဲ့phကနာရီကိုကြည့်လိုက်တယ်"ဆရာရယ် ကိုယ့်ကိုယ်ကိုအနားလေးလည်း
ပေးပါအုန်း ဟိုတခါကလူနာကလည်း သက်သာ
နေပါပီ ပီးတော့ ကိုယ့်ကိုယ်ကိုအပြစ်လည်းတင်မနေပါနဲ့တော့ ဆရာဝမ့် ဂျူတီအချိန်မှမဟုတ်တာ"မုန့်ဇီယိကပြောပေမယ့်ဝမ်ရိပေါ်ကတော့
အခန်းပြတင်းပေါက်ကနေအဝေးကိုပဲကြည့်နေတယ်
သူဒီဆေးရုံကိုမဦးစီးခင်ဆရာဝန်ပေါက်စဘဝကတည်းကဒီလိုဖြစ်ရပ်မျိုးမပြောနဲ့ ပြသနာသေးသေးလေးကအစ သူလိုက်လုပ်ပေးခဲ့တယ် အခုက
ပထမဆုံးမလို့ အနားယူလိုက်တဲ့ဝမ်ပါးပါးကိုလည်း
အားနာတယ် သူယုံကြည်ရတဲ့သားတစ်ယောက်က
သူမြတ်နိုးရတဲ့လူနာတွေကိုပဲ သေစေနိုင်တဲ့အထိ
ဂရုမစိုက်မိလို့ဘေးနားကဇီယိကတော့ ပြန်ဖြေခြင်းမရှိပဲဘေးကိုကေးနေတဲ့ဝမ်ရိပေါ်ကိုသာကြည့်နေတယ်
"ဝမ်ရိပေါ်"
ရုတ်တရက်အခန်းတံခါးကိုဆောင့်ဖွင့်လိုက်တဲ့အသံအနောက်မှာ ကီးအမြင့်ဆုံးအသံနဲ့အော်လိုက်တာကို
ကြားတာကြောင့် ရှောင်းကျန့်မှန်းသိလိုက်ရတယ်