#unicoad
အစိမ်းရောင်မြက်ခင်းပြင်ထက်မှာ အဖြူရောင်
အုတ်ဂူလေးတစ်လုံးကနေရာယူထားတယ်
ကောင်းကင်ထက်ကမိုးစက်လေးတွေက
တဖွဲဖွဲကျနေပေမယ့် ရင်ထဲကပူလောင်မှုတွေကို
တော့ငြိမ်းနိုင်စေပါ့မလား ငယ်ငယ်လေးကတည်းက
ကိုယ့်အပေါ်ကိုအနွံတာခံပေးတတ်တဲ့အစ်မတစ်
ယောက်ရဲ့နောက်ဆုံးအချိန်ကိုတောင်မမှီလိုက်
လို့နောင်တရနေတဲ့သူ့ကို..တကယ်လို့သာ
ကျဲသိခဲ့မယ်ဆိုရင် စိတ်ဆိုးနေမလား ဒါမှမဟုတ်
ကျန့်ကျန့်စိတ်မကောင်းမဖြစ်ပါနဲ့ဆိုပီးပဲချော့နေမလား
သေချာတာတစ်ခုကတော့ သူစိတ်မကောင်းမဖြစ်
အောင် မူပိုင်အပြုံးလှလှလေးနဲ့ ကျန့်ကျန့်ဆိုပီး
သူ့ဆံပင်လေးကိုသပ်ပေးနေလိမ့်မယ်အုတ်ဂူလေးကိုအပီးသပ်ပီးချိန်မှာတော့ ဘေးမှာ
ပါးပါးရယ် မားမားရယ် သူရယ်ကလွဲပီး ဘယ်သူမှ
မရှိတော့...စိတ်ထဲမှာတော့ ကျဲသိပ်ကြိုက်တဲ့
ခရမ်းရောင်လေးကိုနောက်မှလာပီးဆေးခြယ်ပေးမယ်လို့ကတိပေးလိုက်တယ်"တောင်းပန်ပါတယ် ကျွန်တော် အရေးပေါ်
ခွဲစိတ်ခန်းဝင်နေရလို့ နောက်ကျသွားတယ်"အခုမှအလောတကောပြေးလာပုံရတဲ့အသံကြောင့်
လှည့်ကြည့်လိုက်ချိန်မှာတော့ ခံစားချက်တစုံတရာ
ကိုမှမပေါ်လွင်တဲ့မျက်နှာမျိုးနဲ့ ဝမ်ရိပေါ်"နောက်ကျသွားလို့တောင်းပန်ပါတယ်ဟုတ်လား
ဒါမင်းရဲ့မိန်းမ မင်းရဲ့သားဝမ်ယွမ်ရဲ့မားမား ရဲ့
ဈာပနထက် ဘာတွေကအရေးကြီးနေလို့လဲ
ဝမ်ရိပေါ်ရဲ့""သား ရှောင်းကျန့် စိတ်ကိုလျော့ပါ"
ရိပေါ်ရဲ့ကော်လံစကိုဆွဲကိုင်ကာပြောနေတဲ့
ရှောင်းကျန့်ရဲ့လက်ကိုဆုပ်ကိုင်ရင်းမားမားက
တားတယ်"မားမား ဒါကျွန်တော်အများကြီးစိတ်လျော့ထားတာ
ကျွန်တော့်စိတ်သာလွှတ်ချရမယ်ဆိုရင် သူ့ကိုပါ
ကျဲကျဲနဲ့တူတူတခါတည်း သဂြိုလ်ရတော့မှာ
သိလား""ဒီလိုလုပ်လို့လည်း သားကျဲကျဲကပြန်နိုးထလာမှာမှ
မဟုတ်တော့တာ ကလေးလိုမဆိုးစမ်းရဲ့""မားမား သိလား..ကျွန်တော်နဲ့ကျဲကျဲ onlineမှာ
စကားပြောတိုင်း ခံစားမိနေတာ.. ညမိုးချုပ်ထိ
စကားပြောတဲ့နေ့တွေဆို ကျဲကျဲတယောက်တည်းလားလို့မေးရင် အမြဲတမ်းတစ်ယောက်တည်းပဲ
သားရယ်မိန်းမရယ်ပဲရှိတဲ့အိမ်ကို ယောက်ျားတစ်ယောက်ကအချိန်မှန်ဘယ်တော့မှပြန်မလာဘူး
အဆုံးစွန်ဆုံး ကျဲကျဲနေမကောင်းဖြစ်နေရင်တောင်
သူရှိပေးလို့လား သားကို မားမားတို့အိမ်ပို့ပိိး
ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ဆေးခန်းသွားရတယ်
မားမားတို့လိုချင်တဲ့ဆရာဝန်တစ်ယောက်ရဲ့ကြင်ဖက်ဆိုတဲ့ဂုဏ်ကိုရခဲ့တဲ့ ကျဲကျဲကလေ အဲ့ဒီ
ကြီးမြတ်တဲ့ဆရာဝန်ကြိးရဲ့ဂရုစိုက်မှုသေးသေးလေး
တောင်မရခဲ့ဘူး မားမားရဲ့.."