#unicoad
ရှောင်းလီလီတစ်ယောက် ဝမ်းဗိုက်ဆီမှနာကျင်မှု
ကြောင့် အိပ်နေရာမှနိုးထလာခဲ့သည်..ခါတိုင်းဆို
ခနလေးနာပီးပျောက်သွားပေမယ့်အခုနာကျင်မှုက
တစ်စတစ်စပြင်းထန်လာတာကြောင့် အခန်းထဲကတပ်ပေးထားတဲ့ bellကိုနှိပ်ကာ အိမ်ကဝန်ထမ်းလေးတွေကိုခေါ်လိုက်တယ်"မမလေး ဘာဖြစ်လို့လဲ"
"ဗိုက် ဗိုက် နာလို့"
"ဟင် မွေးဖို့ကလိုသေးတာကို လာလာ အဒေါ်တွဲပေးမယ် ဘာရပ်ကြည့်နေတာလဲ တစ်ယောက်က
ပြင်ထားတဲ့ခြင်းတွေကိုကားပေါ်တင် ဒါရိုက်ဘာကို
သွားနှိုး ""ဟုတ် ဟုတ်"
ဆေးရုံရောက်တော့ကြိုတင်ပြင်ဆင်ထားတဲ့
ခွဲခန်းထဲကိုဝင်သွားပြီးတဲ့နောက် နှစ်ဖက်မိဘများကလည်း အသီးသီးရောက်လာခဲ့ကြသည်"ဂုဏ်ယူပါတယ် သားလေးပါ"
ခွဲခန်းထဲကထွက်လာတဲ့ ဆရာဝန်စကားကြောင့်
အကုန်လုံးစိတ်တွေကိုလျော့ချလိုက်ကြတယ်လူနာရောကလေးပါ နားနေခန်းထဲရောက်ပီးနောက်
အချိန်တော်တော်ကြာတဲ့အထိ ဝမ်ရိပေါ်ကရောက်မလာခဲ့ချေ..dutyရှိတယ်ဆိုတာသိပေမယ့်
ဆရာဝန်တစ်ယောက်မဟုတ်ပဲ ဆေးရုံဥက္ကဋ္ဌရဲ့သား
တစ်ယောက်အနေနဲ့ ကိုယ့်အမျိုးသမီးနဲ့ကလေးကို
တော့လာကြည့်ပေးသင့်တယ် မဟုတ်လား
-------
"ကျန့်ကျန့်....ကျန့်ကျန့်"ရှောင်းကျန့်တစ်ယောက် ကျဲကျဲရဲ့စာအုပ်ကို
ဘယ်လောက်ကြာအောင်ဖတ်နေမှန်းမသိ
ဒေါ်လေးဟန် လာခေါ်မှ သတိပြန်ဝင်လာသည်"ဝမ်ယွမ်လေးနိုးနေလို့ အဲ့တာ ဒေါ်လေး အိမ်က
ကောင်မလေးတွေကိုထိန်းခိုင်းထားတယ်လို့လာ
ပြောတာ..ကျန့်ကျန့်ရှာနေမှာစိုးလို့""ဟုတ် သူတို်ကဘယ်မှာလဲ"
"ခြံထဲမှာ "
"အင်း အင်း ပီးမှ ကျွန်တော် သွားကြည့်လိုက်မယ်"
ရှောင်းကျန့်မသိတဲ့အတိတ်ကအကြောင်းတွေကို
သိလိုက်ရပီးနောက် ကျဲကျဲကိုဝမ်ရိပေါ်ဆိုတဲ့သူနဲ့
သဘောတူလိုက်ရတာ နောင်တရမိသည်
ကိုယ်သားအရင်းကိုတောင်မကြိုဆိုပဲ ဒီအလုပ်တွေ
ကိုပဲကိုးကွယ်နေတဲ့အဲ့လူကိုအရင်ကကြည့်မရပေမယ့် အခုတော့ မုန်းတဲ့အဆင့်ကိုရောက်သွားခဲ့သည်
သူ့ကြောင့်ကျဲကျဲဘယ်လောက်တောင် အားငယ်
ခဲ့ရမလဲ စဉ်းစားလို့တောင်မရ